ခမ်းသားငေါဝ်း
ဩဂုတ် ၁၃၊ ၂၀၂၄

နောင်ချိူနှင့်သီပေါမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှလေကြောင်းဖြင့်(၂၆)ကြိမ်တိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA မှယနေ့ညတွင် ထုတ်ပြန်ထားသည်။

ရှမ်းပြည်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ် နောင်လင်ကျေးရွာတွင် တအာင်းတပ်မတော် TNLA နှင့်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်နေသည်။

နောင်လင်ရွာ၌ တပ်မ(၉၉)လက်အောက်ခံခမရ(၃၀၂)တပ်နှင့်သော်လည်းကောင်း အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၃၂၅)တပ်နှင့် သော်လည်းကောင်း ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၃၀၆)တပ်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထုတ်ပြန်ချက်အရ သိရသည်။

ယနေ့နောင်ချိုမြို့နယ်တိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာလေယာဥ်ဖြင့်(၁)ကြိမ်နှင့် Y-12ထောက်ပို့လေယာဥ်ဖြင့်(၁)ကြိမ်ဗုံး(၈၅)လုံးလာရောက်ကြဲချခဲ့ကြောင်း သိရသည်။

သီပေါ်မြို့ ခလရ(၂၃)တပ်စခန်းနေရာတွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့်(၁)ကြိမ် ၊Y-12ထောက်ပို့လေယောဥ်ဖြင့်(၈)ကြိမ်၊ ဗုံး(၄၄)လုံး လာရောက်ကြဲချခဲ့ကြောင်း သိရသည်။

ထို့အပြင် မန်တုံမြို့နယ်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မန်ဆာကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့်အားပြင်းပေါင် ၅၀၀ဗုံး(၁)လုံးအပါအဝင်ဗုံး(၅)လုံး အရပ်သားပြည်သူများကို ဦးတည်ပြီးဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ-PSLF/TNLA

#PPV0012
#တိုက်ပွဲ
#နောင်ချို
#သီပေါ
#PSLF

Leave a Reply

Your email address will not be published. Required fields are marked *