ခမ်းသားငေါဝ်း

ဩဂုတ် ၁၃၊ ၂၀၂၄

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုတွင် တိုက်ပွဲပြင်းထန်နေသောကြောင့် ယနေ့တွင် ရွာသားများရုတ်တရက် ထွက်ပြေးတိမ်းရှောင်နေရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ပင်ငို၊ ကောင်ဝိန်၊ နောင်ကျော်၊နောင်သဲင်ရွာတွင် သြဂုတ်လ ၁၃ ရက် မနက် ၆ နာရီကျော် အချိန်တွင်တိုက်ပွဲဖြစ်သောကြောင့် ရွာသားများစစ်ဘေးရှောင်နေရကြောင်း သိရသည်၊၊

“ကြိုလည်းမရှောင်ခိုင်ဘူး တိတ်တိတ်လေးဘဲ လာတိုက်နေတယ် တစ်ချို့ဆိုတစ်နေ့လုပ်မှ တစ်နေ့စားဘဲစားရတာ အခုချိန်ဆို စိုက်ပျိုးချိန်ဆိုတော့ စိတ်ဆင်းရဲတယ်”ဟု ဒေသခံတစ်ဦးကပြောသည်

တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာသားများထိခိုက်မှုမရှိပေမယ့် အဝတ်အစားအနည်းငယ်သာယူလာပြီး ဆိုက်ခေါင်နှင့် တောဖက်တို့တွင် စစ်ရှောင်နေကြပြီး စားဝတ်နေရေးအခက်ခဲရှိနေကြောင်း သိရသည်၊၊

မိုးရာသီဖြစ်သည့်အတွက် တောထဲရှောင်သူများအနေဖြင့် အခက်အခဲပိုပြီးကြုံနေရကြောင်း သိရသည်၊၊

တိုက်ပွဲဖြစ်ပွားခဲ့သည့် ဇန်နဝါရီလတွင် ဆီဆိုင်ဒေသခံများ တသိန်းကျော်စစ်ဘေးရှောင်နေရပြီး တိုက်ပွဲငြိမ်သည့်အတွက်နေရပ်သို့ပြန်လာသူများလည်းရှိကြောင်း လက်ရှိတွင် တောင်ရှေ့အုပ်စုနှင် နောင်ကျောကျေးရွာအုပ်စုမှ ကျေးရွာရှိ ဒေသခံများထပ်မံပြီးစစ်ဘေးရှောင်နေရကြောင်း သိရသည်၊၊

ဆီဆိုင်မြို့တွင်ပြီးခဲ့သည့် ဇန်နဝါရီလက စံဖူးရွာ၌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ၏ လက်နက်ယာဥ်တန်းအား PNO ပြည်သူ့စစ်နှင့်စစ်ကောင်စီက တားမြစ်ရာမှတိုက်ပွဲဖြစ်ပွါးခဲ့ပြီး ပအိုဝ်းသံဃာတော်များ၊ စာပေနှင့်ယဥ်ကျေးမှု(ဗဟို)၊ ရပ်မိရပ်ဖများက မေတ္တာရပ်ခံချက်ကြောင့် ပြန်လှည်ဆုတ်ခွာခဲ့သော်လည်း ဩဂုတ် ၃ ရက်နေ့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က PNLA ဌာနချုပ်ကို လက်နက်များဖြင့်ပစ်ခတ်လာခြင်းကြောင့် တိုက်ပွဲပြန်လှည်ဖြစ်ပွားနေကြောင်း သိရသည်၊၊

???009
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဆီဆိုင်
#နောင်ကျောကျေးရွာအုပ်စု
#ပင်ငိုရွာ
#ကောင်ဝိန်ရွာ
#နောင်ကျောရွာ
#နောင်သဲင်ရွာ

Leave a Reply

Your email address will not be published. Required fields are marked *