ခမ်းသားငေါဝ်း
ဩဂုတ် ၁၃၊ ၂၀၂၄

နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားများကို ဦးတည်ပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား(၁)ဦးသေဆုံးပြီး (၁)ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း PSLF/TNlA က ယနေ့ တွင် ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က ယမန်နေ့ည (၁၁း၃၁)မိနစ်၌ တစ်ကြိမ်၊ (၁၁း၄၅)မိနစ်တွင် တစ်ကြိမ်၊ (၁၁း၅၁)မိနစ်တွင် တစ်ကြိမ် စုစုပေါင်း(၃)ကြိမ်လာရောက်ပြီး ဗုံး(၆)လုံးကြဲချတိုက်ခိုက်ခဲ့ကာ ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့၊ မြို့လယ်ရပ်ကွက်ရှိ EPC ရုံးအတွင်းသို ကျရောက်ပေါက်ကွဲခဲ့ပြီး ရုံးဝန်းရှိ အသက်(၃၀)အရွယ် ဒေသခံ(၁)ဦး သေဆုံးသွားကာ (၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် EPC ရုံးဝန်းအတွင်းရှိ ထရန်စဖော်မာ စက်များထိခိုက်ပျက်စီးသွားပြီး ထိုအနီးဝန်းကျင်ရှိ မြို့မဂိုဏ်ချုပ်ကျောင်းနှင့် ဒေသခံနေအိမ်အဆောက်အဦး(၅)လုံး ထိခိုက်ပျက်စီးသွားခဲ့သည်။

သြဂုတ်လ (၆) ရက်နေ့ကလည်း PSLF/TNLA အုပ်ချုပ်သည့် ကွတ်ခိုင်မြိုအား စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒေသခံ (၆)ဦး သေဆုံးကာ၊ (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နှင့် ဆိုင်ခန်းပေါင်း(၄၀၀)ကျော်လည်း မီးလောင်ပျက်စီးသွားခဲ့သည်။

ဓာတ်ပုံ-PSLF/TNLA

#PPV008
#လူ့အခွင့်အရေး
#နမ့်ဆန်မြို့
#လေကြောင်းတိုက်ခိုက်မှု
#PSLF/TNLA
#EPC
#ထရန်စဖော်မာ

Leave a Reply

Your email address will not be published. Required fields are marked *