ခမ်းသားငေါဝ်း

ဩဂုတ် ၁၃ ၊ ၂၀၂၄

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီက ဩဂုတ် ၁၂ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့တွင် လူငယ်စကားဝိုင်းပြုလုပ်စဉ် တော်လှန်ရေးထဲရောက်နေသည့် လူငယ်များအားမမေ့ရန်လိုအပ်ကြောင်း ဆွေးနွေးချက်များအရ သိရသည်။

လူငယ်စကားဝိုင်းတွင် လူငယ်နှင့်လူငယ်အနာဂတ်အတွက်လည်းဆွေးနွေးခဲ့ကြောင်းထိုသို့ ဆွေးနွေးစဉ် တော်လှန်ရေးထဲရောက်နေသည့် လူငယ်များအားမမေ့ရန်လိုအပ်သည့်အကြောင်းလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ဒီချိန်တော်လှန်ရေးကာလမှာ လူငယ်တွေကိုယ်စီ တစ်ဦးချင်းစီကသူတို့ရဲ့ ဘဝတွေ၊ အနာဂတ်တွေကို ပေးဆပ်ပြီးတော့မှ လောင်းကြေးထပ်ပြီးတော့မှ တော်လှန်ရေးမှာပါဝင်လာကြတာဖြစ်တယ် ကျောင်းဆရာတစ်ယောက်ရဲ့ဘဝ၊ ဆရာဝန်တစ်ယောက်ရဲ့ဘဝ၊ သူနာပြုရဲ့ဘဝ၊ လုပ်ငန်းရှင်ရဲ့ဘဝစသည်အားဖြင့် တော်လှန်ရေးထဲမှာပေးဆပ်ထားတယ်၊ နစ်မြုပ်ထားပြီးတော့ တော်လှန်ရေးထဲပါဝင်နေကြတယ် ဒါကြောင့်မို့လူငယ်တွေမှာ သူတို့ရဲ့စိုးရိမ်စိတ်က ဖြစ်လာတယ်” ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC တွဲဖက်အတွင်းရေးမှူးခွန်ဝေထူးကပြောသည်။

ထိုစိုးရိမ်ချက်ကြောင့် စစ်အာဏာရှင်ချုပ်ငြိမ်းသွားသည့်အခါ နိုင်ငံတော်က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပြန်လှည်ထူထောင်သည့်ကာလ၊ ပြန်လှည်ထူထောင်ရေးကာလတွင် ပေးဆပ်လိုက်ရ၊ စတေးလိုက်ရသည့် အာဏာမသိမ်းခင်းက လူငယ်၏ ဘဝများအား မည်သို့ ပြန်ပြီးတော့ကုစားပေးမည်နည်း စသည့်မေးခွန်းများရှိကြောင်းသိရသည်၊၊

“သူတို့ရဲ့အိပ်မက်၊ ရည်မှန်းချက်တွေကို ပြန်လှည်ဖော်ဆောင်ခွင့် လူငယ်တွေရဲ့ အနာဂတ်တွေနဲ့ ပတ်သက်ပြီး ပြန်လှည်ကုစားပေးနိုင်မယ့် အစီအမန်၊ မူဝါဒတွေကဘာတွေလဲ ဆိုတာအား လူငယ်တွေကစိုးရိမ်စိတ်နဲ့အတူ မေးခွန်းတွေရှိလာတယ်”ဟု ၎င်းကဆက်ပြောသည်၊၊

လူငယ်များသည် တော်လှန်ရေးတွင် လာရာအသီးသီး၊ ဘဝအသီးသီးနှင့် ၎င်းတို့၏ဘဝများ၊ အနာဂတ်များ၊ အိပ်မက်များထည့်ထားပြီး တော်လှန်ရေးအောင်မြင်သွားပြီး အသွင်ကူးပြောင်းရေးကာလတွင် အနာဂတ်အိပ်မက်အတွက် ပြန်လှည်ကုစားပေးမည့် အစီအမံ၊ မူဝါဒါ အမြန်ဆုံးပေါ်ပေါက်ရန် လူငယ်များ ပါဝင်ပြီးရေးဆွဲသည့် မူဝါဒများအား မျှော်လင့်နေသည့်အကြောင်း ၎င်းကဆက်ပြောသည်။

ဩဂုတ်လ ၁၂ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့သည် ကရင်အာဇာနည်နေ့နှင့် ထပ်တူကျရောက်ခဲ့သည့်အတွက် ကရင်အာဇာနည်နေ့နှင့်တစ်ရက်တည်းကျရောက်သည့်အတွက် ကရင်အာဇာနည်နေ့ကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ကလည်းတက်ရောက်ခဲ့ကြောင်း သိရသည်။

PPV001
ဓာတ်ပုံ-PNFC
#လူ့အခွင့်အရေး
#အပြည်ပြည်ဆိုင်ရာလူငယ်များနေ့
#PNFC
#ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စ
#ကရင်အာဇာနည်နေ့

Leave a Reply

Your email address will not be published. Required fields are marked *