ခမ်းသားငေါဝ်း

ဩဂုတ် ၁၃၊ ၂၀၂၄

တောင်သာမြို့ ကမ်းပါးယံဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က သြဂုတ်လ ၁၁ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင် လေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်း လူထုလှုပ်ရှားမှုကော်မတီ တောင်သာမှ ထုတ်ပြန်ထားသည်။

မန္တလေးတိုင်း တောင်သာမြို့ လှည်းကူးမအုပ်စု၊ ပြဿဒ်ကြီးရွာ ကမ်းပါးယံဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်မှုတွင် ကျောင်းထိုင်ဆရာတော်နှင့်အတူ၊ ကျောင်းသားသံဃာများ ထိခိုက်မှုမရှိသော်လည်း ကျောင်းဆောင် ၃ ဆောင်ပျက်စီးသွားကြောင်း သိရသည်။

ထို့အပြင် မလှိုင်နယ် သက္ကယ်ချင်းရွာ တောင်ထိပ်၊မြောက်ထိပ် ဇရပ်များမှာ စစ်ကောင်စီတပ် များဂိတ်ချထားစစ်ဆေးနေသဖြင့် ပြည်သူများအပြင်ထွက်ဖို့ ခက်ခဲနေ ပြီး မလှိုင်မြို့ပေါ် တွင်လည်း စစ်ကောင်စီတပ် အင်အား ၆၀ ခန့် ထပ်မံအင်အားတိုးထား သောကြောင့် ပြည်သူများအနေဖြင့် သတိထားသွားလာကြရန် လူထုလှုပ်ရှားမှုကော်မတီ တောင်သာမှ အသိပေးထုတ်ပြန်ထားသည်။

PPV003
#လူ့အခွင့်အရေး
#မန္တလေးတိုင်း
#တောင်သာမြို့
#ကမ်းပါးယံဘုန်းတော်ကြီးကျောင်း
#လေကြောင်းတိုက်ခိုက်

Leave a Reply

Your email address will not be published. Required fields are marked *