ခမ်းသားငေါဝ်း
ဩဂုတ် ၁၃၊ ၂၀၂၄

တကောင်းမြို့ကို သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) နှင့် ပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း သြဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကို သြဂုတ်လ ၁၂ ရက်နေ့တွင် အမှတ်(၁)စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်များ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) များ တကောင်းတိုက်နယ် (ပကဖ) များ ပူးပေါင်းပြီးသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ များစွာကျဆုံးမှုရှိပြီး စစ်ကောင်စီ၏လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်များ ထိခိုက်ပျက်စီးမှုလည်းရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တကောင်းမြို့ကိုသိမ်းပိုက်အပြီး (ပကဖ)များအား ပြည်သူများကအောင်ပွဲကြိုသည့်အနေဖြင့် သပြေပန်းများနှင့်အလုအယှက်လာရောက် ကြိုဆိုနေသည့် ဗွီဒီယိုဖိုင်အား (ပကဖ)ပေစ့်တွင်တွေ့ရသည်၊၊

ထို့အပြင်မန္တလေးတိုင်း ဩဂုတ် ၁၀ ရက် မနက်ပိုင်းကစပြီး မြင်းခြံခရိုင်အတွင်း တောင်သာ၊ နွားထိုးကြီးမြို့တို့ရှိစစ်ကောင်စီစစ်တပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နွားထိုးကြီးမြို့ပေါ် စစ်တပ်စခန်းအားလုံးကို ချေမှုန်းနိုင်ခဲ့ပြီဖြစ်ပေမဲ့ စစ်ကောင်စီဖက် အလွန်အကျွံ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များ မြို့ပေါ်ကနေ ပြန်လည်ဆုတ်ခွာထားရကြောင်းသိရသည်။

ဓာတ်ပုံ-ပကဖ

#PPV005
#စစ်ရေး
#တကောင်းမြို့
#သပိတ်ကျင်းမြို့နယ်
#ပြည်သူ့ကာကွယ်ရေးတပ်
#ပကဖ
#နွားထိုးကြီးမြို့

Leave a Reply

Your email address will not be published. Required fields are marked *