ခမ်းသားငေါဝ်း

ဩဂုတ် ၁၂၊ ၂၀၂၄

PNO ပြည်သူ့စစ်က လွယ်လုံရွာသား ၇ ဦးကိုဖမ်းဆီးပြီး ၆ ဦးကိုပြန်လွှတ်ခဲ့သော်လည်း တဦးကိုဖမ်းဆီးထားဆဲဖြစ်ပြီး ၊ရွာသားဆိုင်ကယ်၂၈ စီးကိုလည်း သိမ်းဆည်းသွားခဲ့ကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ စံကားဒေသ၊ လွယ်လုံရွာသား ၇ ဦးကို PDFနှင့်ပက်သက်သည်ဟု ဆိုပြီး PNO ပြည်သူ့စစ်ကဇူလိူင်လ၂၁ ရက်နေ့တွင် ဖမ်းဆီးပြီး သြဂုတ်လ ၈ ရက်နေ့တွင် ၆ ဦးကိုပြန်လွှတ်ပေးခဲ့သော်လည်း ၁ ဦးကို ဖမ်းဆီးထားဆဲဖြစ်ပြီး ထို့အပြင် ရွာသားဆိုင်ကယ်၂၈ စီးကိုလည်းမတရားသိမ်းထားသည်။

“ရွာနားမှာရှိသူတို့ဂိတ်တိုက်ခိုက်ခံရတယ်။ အဲဂိတ်တိုက်ခိုက်ခံရပြီးရွာထဲ စစ်ဆေးမှုလာလုပ်ပြီးရွာထဲအမျိုးသား ၇ ဦးကိုဖမ်းသွားတာ ။ဆိုင်ကယ်၂၈ စီးလည်း ခုထိပြန်မပေးသေးဘူး”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ယခုတွင် ဖမ်းဆီးခံရဆဲအမျိုးသားတစ်ဦးသည် PNOကမည်သည့်နေရာတွင် ဖမ်းဆီးထားခြင်းမသိရဘဲ မိသားစုနှင့်လည်းအဆက်သွယ်မရကြောင်း ၄င်းကဆက်ပြောသည်။

လွယ်လုံရွာအနီး PNO ပြည်သူ့စစ်ဂိတ်ကိုပြီးခဲ့သည့်ဇူလိူင်လ ၁၇ ရက်နေ့တွင် ကရင်နီတော်လှန်ရေးအဖွဲ့က လာရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-အွန်လိုင်း
လွယ်လုံရွာအနီးPNOဂိတ်တိုက်ခိုက်ခံရစဉ်
#PPV005
#လု့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#စံကားဒေသ
#လွယ်လုံရွာ
#PNO

Leave a Reply

Your email address will not be published. Required fields are marked *