ခမ်းသားငေါဝ်း
ဩဂုတ် ၁၂၊ ၂၀၂၄
မြင်းခြံခရိုင် MBT စစ်ကြောင်း(၁) နယ်မြေတွင် အရပ်ဝတ်နှင့် သတင်းယူရန် ရောက်ရှိလာသည့် ရန်သူတပ်သား နှစ်ဦးကို ဖမ်းဆီးရမိထားကြောင်း ဩဂုတ်လ ၁၂ ရက် ဒီကနေ့တွင် Myingyan Black Tiger သတင်းထုတ်ပြန်ထားသည်။
မန္တလေးတိုင်း မြင်းခြံခရိုင် မြင်းခြံခရိုင် MBT စစ်ကြောင်း(၁) နယ်မြေတွင် သတင်းလာယူသည့် ရန်သူတပ်သား နှစ်ဦးကို ဩဂုတ်လ ၁၂ ရက် မနက်ပိုင်းတွင် ဖမ်းဆီးစဥ် စစ်ကောင်စီတပ် လက်ပါးစေပျူစောထီးမှာ ခုခံထွက်ပြေးသည့်အတွက် မဖြစ်မနေ ပစ်ခတ်ဖမ်းဆီးရပြီး အသေဖမ်းမိကာ ရဲတစ်ဦးကို အရှင်ဖမ်းမိကြောင်း ထုတ်ပြန်ထားသည်။
အရှင်ဖမ်းမိသော ရန်သူရဲတပ်ဖွဲ့ဝင် ထွန်းလင်းသန့်ထံမှ G3 ကျည် ၁၄၇ တောင့်၊ ဆိုင်ကယ်တစ်စီးနှင့် ဖုန်းတစ်လုံး တို့ကို သိမ်းဆည်းရကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးရမိသော ရန်သူရဲတပ်ဖွဲ့ဝင်အား စစ်ဆေးမှုတွေလုပ်နေပြီး စစ်သုံ့ပန်း ဥပဒေနှင့် အညီ ထိန်းသိမ်းထားကြောင်း ဆိုထားသည်။
ဖမ်းဆီးမှုတွင် Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် (၉)တပ်ရင်းနှင့်အတူ Popa Guerilla Force (PGF) တို့ပူးပေါင်းခဲ့ကြောင်း ဖော်ပြထားသည်။
Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းနှင့် မြင်းခြံ ခရိုင် အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များ ၊ LPDF ၊ ပကဖ ပူးပေါင်းတပ်ဖွဲ့ဝင်များသည် “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး” အဖြစ် မြင်းခြံ မြို့နယ်၊ နွားထိုးကြီးမြို့နယ်နှင့် တောင်သာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်း၊ စစ်တပ်ဌာနဆိုင်ရာရုံး၊ တပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားကြောင်း သိရသည်။
PPV0011
ဓာတ်ပုံ-Myingyan Black Tiger
#စစ်ရေး
#မြင်းခြံမြို့နယ်
#မန္တလေးတိုင်း
#နွားထိုးကြီးမြို့
#Myingyan
#Black