ခမ်းသားငေါဝ်း
ဩဂုတ် ၁၂၊ ၂၀၂၄

နောင်ချိူနှင့်သီပေါမြို့တို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု ၁၈ ကြိမ်ပြုလုပ်ခဲ့ကြောင်း သြဂုတ်လ(၁၁)ရက်နေ့တွင် TNLA ထုတ်ပြန်ချက်အရသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် သီပေါမြို့တွင် တက်ပွဲပြင်းထန်နေပြီး နောင်ချိူမြို့တိုက်ပွဲအတွင်းတွင်စစ်ကောင်စီတပ်မှဂျက်ဖိုက်တာဖြင့်(၃)ကြိမ်နှင့် Y-12 ထောက်ပို့လေယာဥ်ဖြင့်(၃)ကြိမ်၊ဗုံး(၂၀)လုံးလာရောက်ကြဲချခဲ့ကြောင်းသိရသည်။

သီပေါမြို့ခလရ(၂၃) တပ်စခန်းနေရာတွင်လည်းတိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်မှ Y-12ထောက်ပို့ယာဥ်ဖြင့်(၁၂)ကြိမ်၊ဗုံး(၈၅)ကြဲချသည့်အပြင်၎င်းတို့၏တပ်ဖွဲ့ဝင်များအတွက်Y-12လေယာဥ်ဖြင့်(၅)ကြိမ်ထောက်ပို့ပစ္စည်းများလာရောက်ကြဲချပေးခဲ့ကြောင်း သိရသည်။

နောင်ချိူမြို့နယ်တောင်ခမ်းနှင့် မက်မန်းတောကျေးရွာတွင်တအာင်းတပ်မတော်TNLAနှင့်စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီးတောင်ခမ်းရွာ၌အမြောက်တပ်(၉၀၂)တပ်နှင့်သော်လည်းကောင်း၊မက်မန်းတောကျေးရွာတွင်တပ်မ(၉၉)လက်အောက်ခံခမရ(၃၀၂)တပ်နှင့်သော်လည်းကောင်းအရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချူပ်လက်အောက်ခံခမရ(၃၂၅)တပ်နှင့်သော်လည်းကောင်း၊အလယ်ပိုင်းတိုင်းစစ်ဌာနချူပ်လက်အောက်ခံခမရ(၃၀၆)တပ်ရင်းတို့နှင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဓာတ်ပုံ-PSLF/TNLA
#PPV0012
#နောင်ချိုနှင့်သီပေါ
#တိုက်ပွဲပြင်းထန်နေ
#လေကြောင်းတိုက်ခိုက်မှု
#ဂျက်ဖိုက်တာ
#ထောက်ပို့လေယာဥ်

Leave a Reply

Your email address will not be published. Required fields are marked *