ခမ်းသားငေါဝ်း
ဩဂုတ် ၁၁၊ ၂၀၂၄

မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းတွင်ဈေးရောင်းချသူများအား စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဥပဒေပုဒ်မ ၅ နှင့်အရေးယူသွာဟု ဩဂုတ် ၉ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

သို့ဖြစ်ပါ၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်နေကြသူများအနေနှင့် မှတ်ပုံတင်များလျှောက်ထားရန်အတွက်နှင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူခြင်းမရှိဘဲ ဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင် ၂၁ နေ့တွင်ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများသည် မှတ်ပုံတင်လက်မှတ်လျှောက်ထားပြီးမှ လုပ်ငန်းဆောင်ရွက်ရမည်ဟု ဆိုထားသည်။

PPV001
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဥပဒေပုဒ်မ၅
#စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
#အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်
#ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်း
#မှတ်ပုံတင်

Leave a Reply

Your email address will not be published. Required fields are marked *