ခမ်းသားငေါဝ်

ဩဂုတ် ၁၁၊ ၂၀၂၄

မြန်မာနိုင်ငံတွင်နေ့စဉ် လုပ်ခကို ငွေကျပ် ၆၈၀၀ ကျပ်အဖြစ်တိုးမြင့်သတ်မှတ်ကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင်နေ့စဉ် လုပ်ခကို ငွေကျပ် ၆၈၀၀ ကျပ်အဖြစ်တိုးမြင့်သတ်မှတ်ကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနကသြဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။

ယင်းသတ်မှတ်ချက်ကို သြဂုတ်လ ၁ ရက်နေ့တွင်စတင်ပြီး အကျုံးဝင်မည်ဖြစ်ကြောင်းလည်းထုတ်ပြန်ထားသည့်စာထဲ့တွင် ပြောထားပါသည်။

အလုပ်သမားတစ်ဦးအတွက် တစ်ရက်အနိမ့်ဆုံးလုပ်ခကို ၄၈၀၀ ကျပ်အဖြစ် ၂၀၁၄ ခုနှစ် မေလတွင်စတင်သတ်မှတ်ခဲ့ပြီး ယခုတွင် တစ်ရက်လုပ်အားခ ၄၈၀၀ ကျပ်ကို တိုးမြှင့်သတ်မှတ်ပေးခြင်းမျိုးမဟုတ်ဘဲ အပိုထောက်ပံ့ကြေးအနေဖြင့် ၂၀၂၃ ခုနှစ်တွင် တစ်ထောင်ကျပ်နှင့် ယခုတစ်ကြိမ်တွင် တစ်ထောင်ကျပ် ထပ်တိုးပေးရန် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်းသိရည်။

ထို့ကြောင်း အလုပ်သမားများအနေဖြင့် တစ်ရက်လုပ်အားခကို ၆၈၀၀ ကျပ်ရရှိရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပြောထားပါသည်။

ဓာတ်ပုံ-ခမ်းသားငေါဝ်း

#PPV005
#လူ့အခွင့်အရေး
#နေ့စဥ်လုပ်ခ
#တစ်ရက်အနိမ့်ဆုံးလုပ်ခ
#အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *