ခမ်းသားငေါဝ်း

သြဂုတ် ၁၁၊ ၂၀၂၄

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းထိုးလာသဖြင့်တိုက်ပွဲဆက်လက်ဖြစ်ပွား နေကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ကယနေ့တွင် ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် သြဂုတ်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီစစ်ကြောင်းထိုးလာသဖြင့်တိုက်ပွဲဆက်လက်ဖြစ်ပွား နေကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ကယနေ့တွင် ထုတ်ပြန်ထားသည်။

“မနေ့က ဆီဆိုင်မြို့နယ် အရှေ့ဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။သုံ့ပန်း ၁ ဦး သေနတ် MA1 တလက် ဒရုန်းတစင်း သိမ်းဆည်းရမိပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီ အလောင်း ၃ လောင်းကျန်ရှိပါတယ်။”ဟုပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA မှ ပြောရေးဆိုခွင့်ရှိသူခွန်ရိန်းယံကပြောသည်။

သြဂုတ် ၃ ရက်နေ့တွင် စစ်ကောင်စီတပ်က PNLAဗဟိုငှာနချုပ်ကိုလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ပြီးနောက် တစ်ဖန် တိုက်ပွဲပြန်ပြင်းထန်လာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းတိုက်ပွဲကြောင့် တောင်ရှေ့အုပ်စုမှ ဒေသခံ၃ထောင်ကျော်လည်း ဘေကင်းရာ စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

#PPV005

ဓာတ်ပုံ-PNLA
#စစ်ရေး
#တိုက်ပွဲ
#ဆီဆိုင်မြို့နယ်
#စစ်ကောင်စီစစ်ကြောင်းထိုး
#PNLA
#သုံ့ပန်း၁ဦး
#MA1

Leave a Reply

Your email address will not be published. Required fields are marked *