ခမ်းသားငေါဝ်း
ဩဂုတ် ၁၁၊ ၂၀၂၄

စစ်ကောင်စီ ခြေလျင်တပ်ရင်း ၁၄၈ ကို မိုးကုတ်ဗျူဟာနှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း သြဂုတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ ၁၄၈)ကို မိုးကုတ်ဗျူဟာနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့ များကက ဩဂုတ် ၉ ရက်နေ့တွင် သိမ်းပိုင်နိုင်ခဲ့ကြောင်း ဆိုထားသည်။

ခြေလျင်တပ်ရင်းခလရ ၁၄၈ ကို သိမ်းပြီးနောက် စခန်းအတွင်း လက်နက်၊ ခဲယမ်းများစွာလည်း သိမ်းဆည်းရမိခဲ့ကြောင်း မိုးကုတ် ဗျူဟာအဖွဲ့ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီ ခလရ ၁၄၈ အပါအဝင် တပ်စခန်း ၈ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF)ထုတ်ပြန်ချက်အရသိရသည်။

ဓာတ်ပုံ-မိုးကုတ်ဗျူဟာ

#PPV005
#စစ်ရေး
#မိုးကုတ်ဗျူဟာ
#သပိတ်ကျင်း
#မန္တလေးတိုင်း

Leave a Reply

Your email address will not be published. Required fields are marked *