ခမ်းသားငေါဝ်း
ဩဂုတ် ၁၁၊ ၂၀၂၄

အောင်ပန်းမြို့တွင် ကားနှင့်ဆိုင်ကယ်တိုက်ပြီး နေရပ်နှင့်အမည်မသိ အမျိုးသားတစ်ဦးပွဲချင်းသေဆုံးသွားကြောင်း သြဂုတ်လ ၁၁ ရက်နေ့တွင် နာရေးကူညီမှုအသင်း အောင်ပန်းထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း-ပင်းတယလမ်းလှည်းရိုး စာသင်ကျောင်းအကျော်လမ်းတွင် ကားနှင့်ဆိုင်ကယ်တိုက်မိသောကြောင့် အမျိုးသားတစ်ဦးပွဲချင်း သေဆုံးသွားသည်။

“မျက်နှာမှာ ပွန်းပဲ့တာလောက်ဘဲတွေ့ရတယ်ဗျ ကျွန်တော့်အထင်တော့ ခေါင်းထိတာထင်တယ်ဗျ ခုလောလောဆယ်တော့ အောင်ပန်းပြည်သူ့ဆေးရုံမှာ တင်ထားပြီးခွဲစိတ်နေတုန်းပါ ကျွန်တော်ခန့်မှန်းရသလောက်တော့အသက် ၃၅ နဲ့ ၄၀ ကြားဖြစ်မယ်ထင်တယ်”ဟု အောင်ပန်းနာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးကပြောသည်၊၊

သေဆုံးသည့်အမျိုးသားအမည်နှင့် နေရပ်ကိုမသိသေးသဖြင့် တစ်ရက်လောက်စောင့်ပြီးမှ အလောင်းကိုသဂြိုလ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊

ဓာတ်ပုံ- နာရေးကူညီမှုအသင်းအောင်ပန်း

???009
#မှုခင်း
#အောင်ပန်း
#ကားနှင့်ဆိုင်ကယ်တိုက်
#နာရေးကူညီမှုအသင်းအောင်ပန်း

Leave a Reply

Your email address will not be published. Required fields are marked *