ခမ်းသားငေါဝ်း
သြဂုတ် ၁၀၊ ၂၀၂၄

ဖယ်ခုံအနောက်ဘက်ခြမ်းရှိစစ်ရှောင်စခန်းတွင် ကလေးများ ရာသီတုပ်ကွေးအဖြစ်များနေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အနောက်ဖက်ခြမ်းရှိစစ်ရှောင်စခန်းတွင် ခြင်၊ယင်ပေါများသောရာသီဖြစ်နေသည့်အပြင် သန့်ရှင်းသောသောက်သုံးရေ ရရှိနိုင်မှု မရှိခြင်းကြောင်း ကလေးများရာသီတုပ်ကွေး ဖြစ်ပွားနေသည်။

” အဓိက ကလေးတွေဖျားတာများတယ်၊ တစ်ယောက်နဲ့တစ်ယောက် ကူးကြတာ၊ ဒီမှာက ခြင်ကောင်တွေပေါတယ်၊ ပြီးရေကသိပ်မသန့်ဘူး၊ မိုးရေပဲအဓိကခံသုံးရတာ၊ ယင်လုံအိမ်သာတွေလည်း လုံလောက်မှုမရှိတဲ့ အခြေအနေတွေကြောင့် ရောဂါ ဖြစ်တာ” ဟု စစ်ရှောင်ကူညီနေသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ဘေးရှောင်စခန်းတွင် ကိုယ်ထူကိုယ်ထဆေးခန်းဖွင့်လှစ်ထားသော်လည်း ယခုလို ဖျားနာမှုများသောရာသီတွင် ဆေးဝါးလုံလောက်မှုမရှိကြောင်း၎င်း ကဆက်ပြောသည်။

စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၆၀ လူဦးရေ ၁၅၀ ခန့်နေထိုင်ကြပြီး လတ်တလော ကလေး (၂၀) ဝန်း ကျင်ခန့် ရာသီတုပ်ကွေးဖြစ်ပွားနေကြောင်းသိရသည်။

#PPV003
#humanright
#ကျန်းမာရေး
#ဖယ်ခုံအနောက်ခြမ်း
#ကလေး

Leave a Reply

Your email address will not be published. Required fields are marked *