ခမ်းသားငေါဝ်း
သြဂုတ် ၁၀၊ ၂၀၂၄
တောင်ကြီးမြို့နယ်၊နားဘောင်ဈေးရောက် စစ်ရှောင်များသည် အစားအသောက်အခက်ခဲဖြစ်နေကြောင်းစစ်ရှောင်ကူညီသူတစ်ဦးထံမှသိရသည်။
ရှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့နယ်၊နားဘောင်ဈေးတွင်စစ်ရှောင် ဦးရေ (၆၀) ဝန်းကျင်ရှိပြီး စားနပ်ရိက္ခာအကူညီများလိုအပ်နေကြောင်းသိရသည်။
“ဒီထဲမှာကျောင်းနေအရွယ်ခလေးအယောက်၂၀ ကျော်ပါတယ်၊ အဓိကလိုအပ်တာကဆန်နဲ့ဆီပါ”ဟုစစ်ရှောင်ကူညီသူတစ်ဦးကပြောသည်။
သြဂုတ်လ(၈)ရက်နေ့တွင်လည်းနားဘောင်ရှိစစ်ဘေးရှောင်များအတွက်ဖြူစင်ပရဟိတအသင်းနှင့်လမ်းပြကြယ်လေးများပရဟိတအဖွဲ့တို့ကအဝတ် အထည်များလာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
#PPV0012
#နားဘောင်စျေး
#စစ်ဘေးရှောင်
#အကူအညီလိုအပ်