ခမ်းသားငေါဝ်း
သြဂုတ် ၁၀၊ ၂၀၂၄

အင်းလေးတွင် စက်သုံးဆီပြတ်လပ် နေခြင်းကြောင့် စက်လှေပြေးဆွဲနေသူများအခက်အခဲ ဖြစ်နေကြောင်းစက်လှေသမားထံ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စက်သုံးဆီစျေးမြင့်တက်နေပြီး အကန့်သတ်ဖြင့်သာ ရရှိနိုင်သောကြောင့် စက်လှေပြေးဆွဲသူများအခက်အခဲဖြစ်နေသည်။

” စက်သုံးဆီတွေက စျေးအရမ်းတက်နေတယ်၊ ပြီးတော့ တစ်ချို့နေ့တွေဆိုထည့်လို့မရဘူး အကြာကြီးတန်းစီဝယ်ရတာ၊ ဒီစက်လှေနဲ့ပဲ လုပ်စားနေတာ ဆယ်စုနှစ်လောက်ရှိပြီ၊ ဒါပဲ လုပ်စားစရာရှိတယ်လေ ၊ ဒီလိုမျိုးဆက်ဖြစ်နေမယ်ဆိုရင်တော့ မလွယ်လောက်တော့ဘူး ”ဟု စက်လှေသမားတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ကုန်များ၊ ခရီးသည်များ ပို့ဆောင်ပေးရမည် ရှိသော်လည်း ဆီမရနိုင်တာကြောင့် အလုပ်နားထားရကြောင်း ၎င်း ကဆိုသည်။

”ဆီစျေးကအရမ်းတက်နေတော့ စက်လှေခက တိုးကောက်ရပြန်ရော၊ အရမ်းတိုးကောက်ပြန်ရင်လည်း ငှားတဲ့လူဖက်ကအဆင်မပြေဖြစ်ပြန်ရော ၊ ဒီနေ့လည်း ကုန်သွားပို့စရာရှိတယ် ဒါမယ့် ဆီမရတော့ နားထားရတယ်” ဟု၎င်း ကဆက်ပြောသည်။

အင်းလေးတွင် စက်သုံးဆီစျေးသည် အရင်လက ဒီဇယ် တစ်ဂါလံ ၁၁,၀၀၀ ကျပ်၊ ၉၂ တစ်လီတာ ၄,၅၀၀ ကျပ်သာ ရှိခဲ့သော်လည်း ဩဂုတ်လမှစပြီး ဒီဇယ် ၁၈,၀၀၀ ကျပ်၊ ၉၂ တစ်လီတာ ၆ ထောင်ကျပ်အထိ မြှင့်တက်လာကြောင်းသိရသည်။

လောင်စာဆီ ပြတ်လပ်မှုကြောင့် စက်လှေသမား များအပြင် အခြေခံ အလုပ်သမားများ၊ လိုင်းကားပြေးဆွဲသူများလည်းအခက်ခဲကြုံတွေ့ရကြောင်းငိရသည်။

photo google

#PPV 003
#စက်လှေသမား
#လောင်စာဆီ ပြတ်လပ်
#အင်းလေး
#social

Leave a Reply

Your email address will not be published. Required fields are marked *