ခမ်းသားငေါဝ်း
သြဂုတ် ၉၊ ၂၀၂၄

လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲပေါင်းစပ်ပြီး အရှိန်မြင့်ဆောင်ရွက်ရန် ၃၆ နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံကြီးနေ့တွင်မြန်မာတစ်နိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF က တိုက်တွန်းလိုက်သည်။

၂၀၂၄ ခုနှစ်သြဂုတ်လ ၈ ရက်နေ့ ၌ ကျရောက်သော ၃၆ နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံကြီးနေ့တွင်မြန်မာတစ်နိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးက သဝဏ်လွှာပေးပို့ရာတွင်တိုက်တွန်းထားသည်။

၂၁ ရာစုနွေဦးတော်လှန်ရေး၏ထူးကဲသောဝိသေသ သည်လူထုတော်လှန်ရေးဖြစ်သည်နှင့်အညီစစ်အာဏာရှင်စနစ်အဆုံးသတ်ချူပ်ငြိမ်းရေးကိုတိုက်ပွဲဝင်ရင််းနှင့်အတူမြန်မာနိုင်ငံ၏အဓိကလိုအပ်ချက်ဖြစ်သည့်တိုင်းရင်းသားလူမျိူးအသီးသီး၏ အမျိူးသားတန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ဒီမိုကရေစီရေးကိုအာမခံသည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင််စုကိုတည်ထောင်ရန်နှင့်အဓိပ္ပာယ်ရှိသည့်လက်တွေ့ ကျသောနိုင်ငံရေးအခင်းအကျင်းအသစ်ကိုဦးတည်ဖော်ဆောင်နေသည့်သမိုင်းစာမျက်နှာတစ်ခုကိုဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်းလည်း ပြောထားသည်။

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးနောက် ဆက်တွဲတွင်မြန်မာနိုင်ငံ၏အဓိကနိုင်ငံရေးပြဿနာသည်တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးအတွက်အဓိကဖြေရှင်းရမည့်အခြေခံနှစ်ရပ်အဖြစ်တော်လှန်တိုက်ပွဲဝင်သူတို့အကြားဘုံနားလည်မှုတစ်ရပ်ရရှိစေခဲ့သည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

၈၈၈၈ အရေးတော်ပုံကြီးမှမပြီးပြတ်သေးသည့်လူထု၏နိူင်ငံရေးတောင်းဆိုချက်များမှ ၂၁ ရာစုနွေဦးတော်လှန်ရေးတောင်းဆိုချက်များအောင်မြင်ရန်အတွက်စစ်အာဏာရှင်စနစ်နိဂုံးချူပ်ရေးဖြစ်သည်နှင့်အညီ လူထုတိုက်ပွဲ၊လက်နက်ကိုင်တိုက်ပွဲ၊သံတမန်ရေးတိုက်ပွဲ၊စီးပွားရေးတိုက်ပွဲများကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်သွားကြပါရန် မကဒတ ကတိုက်တွန်းတောင်းဆိုလိုက်သည်။

#PPV0012
#ABSDF
#8888
#လူထုတိုက်ပွဲ
#policies

photo ABSDF

Leave a Reply

Your email address will not be published. Required fields are marked *