ခမ်းသားငေါဝ်း
သြဂုတ် ၉၊ ၂၀၂၄

မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ၅ ခုတွင် သိန်းချီ ရေဘေးသင့်သူတစ်သိန်းကျော်ကို အရေး​ပေါ် စားနပ်ရိက္ခာ အကူအညီပေးနေကြောင်းကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကဩဂုတ်လ ၇ ရက်က ထုတ်ပြန်ထားသည်။

ယခုနှစ် ဇွန်လကုန်ပိုင်းမှ စတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး၊ရေလျှံမှု များကို မြန်မာနိုင်ငံရှိ လူဦးရေ ၂ သိန်းကျော် ရေဘေးသင့်များ အနက် လူဦးရေ ၁ သိန်း ကျော်ကို စားနပ်ရိက္ခာ စတင်ကူညီပေး ထားသည်ဟုဆိုသည်။

WFP၏ တာဝန်ရှိသူ Mr. Paolo Matteo က ”မြန်မာ နိုင်ငံတစ်ဝန်းရှိ လူဦးရေပေါင်း၁၃ သန်းကျော်သည် စားနပ်ရိက္ခာအခက်အခဲနဲ့ရုန်းကန်နေရတဲ့အချိန်မှာ အခုလို ရာသီဥတုဘေးဒဏ်ကြောင့် ရေကြီးပြီး ရေဘေးသင့်သူတွေအတွက် ပိုမိုခက်ခဲပြီး ထိခိုက်လွယ်တဲ့အခြေအနေရောက်နေတယ်”ဟု ပြောဆိုခဲ့ပါသည်။

ဂြိုဟ်တုဓာတ်ပုံများအရ ဩဂုတ်လ ၆ရက်နေ့အထိ လူ ၈သိန်းခွဲကျော် ရေလွှမ်းမိုးမှု ဖြစ်ပွါးသည့်နေရာတွင် နေထိုင်နေရကြောင်းကို ဖော်ပြထားပါသည်။

မြန်မာနိုင်ငံရှိ စစ်ကိုင်း၊မကွေး၊ ပဲခူး၊ကချင်နှင့် ကရင်ပြည်နယ် ရှိ ရေးဘေးသင့်ပြည်သူ အနည်းဆုံး ၁သိန်း ၂သောင်းကို WFP ကငွေ၊ ဆန်နှင့် အထူးစီမံထား သည့် အာဟာရပြည့်ဝသောအစားအစာများကို ထောက်ပံ့ပေးနေကြောင်းဖော်ပြထားပါသည်။

နိုင်ငံတစ်ဝန်းရှိ ရေဆက်လက်ကြီးမှုအပေါ် မူတည်ပြီး WFP က စောင့်ကြည့်နေပြီးလိုအပ်သလို ထပ်မံတုံ့ပြန် ဆောင်ရွက်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဇွန်လကုန်ပိုင်းမှ စ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာဒေသအများအပြားမှာ ရေကြီးမှု ၊ ရေလျှံ မှုနှင့် ပြည်သူများရဲ့ စိုက်ပျိုးခင်းများလည်း ပျက်စီးမှုများရှိပြီး တောင်များ ပြိုကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု ပေါင်းစုံကို ပြည်သူများကြုံတွေ့နေရကြောင်းကို သိရှိရပါသည်။

photo WFP

#PPV013
#WFP
#သဘာဝဘေး
#ရေဘေး

Leave a Reply

Your email address will not be published. Required fields are marked *