ခမ်းသားငေါဝ်း

ဩဂုတ် ၈၊ ၂၀၂၄

လားရှိုးမြို့တွင် (MNDAA)က စစ်သုံ့ပန်းမိသားစုဝင်တွင်ကိုအိမ်ထောင်စုတစ်စုလျှင်ငွေ ၅ သောင်းကျပ်ပေးပြီးပြန်လွတ်ပေးခဲ့ကြောင်းသြဂုတ် ၇ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ကိုးကန့်တပ်မတော် MNDAA ရှေ့တန်းမြေပြင်တပ်ဖွဲ့ဝင်များက စစ်သုံ့ပန်းအယောက် ၃၈၀ ကျော်ကိုအိမ်ထောင်စုတစ်စုလျှင် ၅ သောင်းကျပ်နှင့်စုစုပေါင်း ၉၆ သိန်းကျပ်ပေးဝေခဲ့ပြီး နောက်ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။

သြဂုတ်လ ၆ ရက်နေ့တွင် စစ်သုံ့ပန်းကမိမိတို့နေအိမ်သို့ရောက်ရှိရန် ရှေ့ဆက်ရပ်တည်နိုင်ရေးအတွက် လုပ်ငန်းဆောင်တာများပြန်လည်လုပ်ကိုင်နိုင်စေရန် လမ်းခရီးစရိတ်ပေးပြီးပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချူပ်တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်များအားလုံးလက်နက်ချခဲ့၍တပ်သားမိသားစုဝင်များကိုစစ်သုံ့ပန်းများနှင့်အတူမဟာမိတ်တပ်၏အနောက်တန်းသို့ပြောင်းရွှေ့ခဲ့ကြောင်း၊သြဂုတ်လ ၆ ရက်နေ့တွင်တပ်သားမိသားစုဝင်များဘေးကင်းစေရန်၊နေရပ်ပြန်နိုင်ရေးအတွက်MNDAAကပြန်လွတ်ပေးခဲ့ကြောင်းထုတ်ပြန်ချက်အရသိရသည်။

၁၀၂၇ စစ်ဆင်ရေးပထမပိုင်းတုန်းကလည်းစစ်သုံ့ပန်းမိသားစုဝင်အယောက်ထောင်ချီကိုMNDAAကခရီးစရိတ်ပြန်ပေးသည့်အပြင်ယာဥ်များကိုလည်းစီစဥ်ပေးခဲ့သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

#PPV0012
#Photo – Online
#လူသားချင်းစာနာထောက်ထားရေး
#လားရှိုး
#စစ်သုံ့ပန်းတပ်မိသားစုဝင်
#MNDAA
#ကိုးကန့်တပ်မတော်

Leave a Reply

Your email address will not be published. Required fields are marked *