ခမ်းသားငေါဝ်း
ဩဂုတ် ၈၊ ၂၀၂၄

ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင်ဩဂုတ်လ ၈ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန်က DPLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၈ ဦးကို DPLA ပူးပေါင်းတပ်တို့က အရှင်ဖမ်းမိထားကြောင်း DPLA ထံသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ် အတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA ရှိရာကို စစ်ကောင်စီက ထိုးစစ်ဆင်လာခြင်း ကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း DPLA ကသတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၉ သေဆုံးပြီး လက်နက် ၁၉ လက်သိမ်းဆည်းရမိသည်ဟုဆိုသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် ညနေပိုင်းတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLAသည် 1027စစ်ဆင်ရေး အပိုင်း၂ တွင် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းပါဝင်တိုက်ခိုက်လျှက်ရှိကြောင်းသိရသည်။

#ppv002
#DPLA
#တိုက်ပွဲ
#ရပ်စောက်
#ကျောက်ဂူ

photo DPLF

Leave a Reply

Your email address will not be published. Required fields are marked *