ခမ်းသားငေါဝ်း
ဩဂုတ် ၈၊ ၂၀၂၄

ရန်ကုန်မြို့တွင် ၈၈၈၈ အရေးတော်ပုံ ၃၆ နှစ်ပြည့်လှုပ်ရှားမှုများ ပြုလုပ်ကြကြောင်း ဩဂုတ်လ ၈ ရက်တွင် ရန်ကုန်နေ ပြည်သူတစ်ဦးက ပြောသည်။

‌ရန်ကုန်မြို့တွင် သပိတ်အင်အားစုများ၊ တက္ကသိုလ် ကျောင်းသားများ၊ မြို့နယ်အသီးသီးမှ ပြည်သူများပါဝင်သည့် ကလောင်နီလှုပ်ရှာမှု ဟု အမည်ရသော လှုပ်ရှားမှုများပြုခဲ့ကြကြောင်း သိရသည်။

“မြို့နေရာအနှံ့မှာ လှုပ်ရှားမှုပြုလုပ်ကြတယ်။ စစ်အာဏာရှင် ကြောင့်မို့ အသက်ပေးဆပ်ခဲ့ရတဲ့လူလည်း မနည်းတော့ဘူး။ အိုးအိမ်တွေလည်း မရှိတော့ဘူး။ ဒီစနစ်အမြန်ပြီးဆုံးချင်ပြီ” ဟု ရန်ကုန်နေပြည်သူတစ်ဦးက ပြောသည်။

ထို့အတူ ၁၉၆၂ အာဏာသိမ်း စစ်တပ်ကို လူထုတစ်ရပ်လုံး ဆန့်ကျင်ဆန္ဒပြခဲ့သည့် ၁၉၈၈ အရေးတော်ပုံနှစ်ပတ်လည်ကျရောက်သော ယနေ့တွင် ချောက်မြို့အပါအဝင် ယောဒေသ ABSDF စစ်ကြောင်း (၃)တွင် အရေးတော်ပုံ (၃၆)နှစ်မြောက် အခမ်းအနားပြုလုပ်ကြပြီး ဒေသကာကွယ်ရေးအဖွဲ့များ၊ ပအဖများ၊ ပကဖများ PDFများ၊ ဒေသပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

PPV0011
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#၈၈၈၈အရေးတော်ပုံ
#ရန်ကုန်မြို့
#သပိတ်အင်အားစု
#ကလောင်နီလှုပ်ရှားမှု

Leave a Reply

Your email address will not be published. Required fields are marked *

You missed