ခမ်းသားငေါဝ်း
ဩဂုတ် ၈၊ ၂၀၂၄

မြန်မာနိုင်ငံသည် ပြည်တွင်းပဋိပက္ခများကြောင့် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လအတွင်း ကမ္ဘာ့ပဋိပက္ခညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် အဆင့်၂ ရပ်တည်နေကြောင်း စစ်မြေပြင်ဆိုင်ရာ သတင်းအချက်အလက်များ လေ့လာစောင့်ကြည့်သည့် Armed Conflict Location & Event Data Project (ACLED) က ဩဂုတ်လ ၆ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။

ACLED သည် ပဋိပက္ခညွှန်းကိန်းကို ခြောက်လ တစ်ကြိမ်နိုင်ငံတိုင်းရဲ့ လူသေဆုံးမှု၊ အရပ်သားများအပေါ် ကျရောက်သည့် အန္တရာယ်၊ ပဋိပက္ခပြန့်ပွါးမှု နှင့် ပဋိပက္ခဖြစ်ပွါးသည့် လက်နက်ကိုင် အဖွဲ့အစည်း များပြားမှုအပေါ်မှုတည်ပြီး အဆင့်များသတ်မှတ်ပေးပြီး ကမ္ဘာ့နိုင်ငံများ၏ ပဋိပက္ခဆိုင်ရာအချက်အလက်ကိုစုပေးနေသည့် အဖွဲ့ဖြစ်သည်။

ခြောက်လတစ်ကြိမ် ပြုလုပ်သည့် လေ့လာတွေ့ရှိချက်အရ ပါလက်စတိုင်းသည် လူသေဆုံးမှုအများဆုံးအဆင့် ၁ ဖြစ်နေသောကြောင့် မြန်မာနိုင်ငံသည်ပြီးခဲ့သည့် ဇန်နဝါရီလ၌ ပဋိပက္ခညွှန်းကိန်း နံပါတ် ၁ နေရာ ကနေ တဆင့် ပြန်ကျလာတာဖြစ်ကြောင်း သိရပါသည်။

၂၀၂၄ ခုနှစ် ပထမခြောက်လအတွင်း လူသေဆုံးမှုအများဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် အဆင့် ၃၊ ပြည်သူများအတွက် အန္တရာယ်အများဆုံးနိုင်ငံများထဲတွင် အဆင့် ၄၊ ပဋိပက္ခဖြစ်ပွါးမှု အကျယ်ပြန့်ဆုံးမှာ အဆင့် ၉ နှင့် ပဋိပက္ခဖြစ်ပွါးသည့်အဖွဲ့အစည်း အများဆုံးရှိသည့်ဒေသ၌ မြန်မာနိုင်ငံသည် အဆင့် ၁ ဖြစ်ကြောင်းကိုဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ပဋိပက္ခဖြစ်ပွါးခြင်းကြောင့် မြန်မာ့လူဦးရေ၏ ၄၃ ရာခိုင်နှုန်း ရဲ့ ၂၃ သန်းနီးပါးအထိ သက်ရောက်မှုရှိနေကြောင်း ဖော်ပြထားပါသည်။

မြန်မာနိုင်ငံရှိ တိုင်းနဲ့ပြည်နယ်ဒေသကြီး ၁၃ ခု မှ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ ပဋိပက္ခဖြစ်ရပ် အများဆုံးဖြစ်ခဲ့တာကို ပြနေပြီး ရခိုင်ပြည်နယ်မှာတော့ ပြီးခဲ့သည့် ၆ လအတွင်း ပဋိပက္ခအများဆုံးဖြစ်ခဲ့ပြီး‌ နောက်ထပ် ၆ လမှာလည်း နောက်ထပ် ၃ ရာခိုင်နှုန်းထပ်တိုးလာနိုင်တယ်လို့ ACLED က ဖော််ပြထားသည်။

တိုက်ပွဲတွေနီးကပ်နေသည့် မန္တလေးမြို့တွင်လည်း ပဋိပက္ခဖြစ်မှုနှုန်းသည် နောက်ထပ် ၂၃ ရာခိုင်နှုန်းတိုးလာနိုင်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာတော့ ပဋိပက္ခဖြစ်တဲ့နှုန်းက နောက် ၆ လမှာ ၈ ရာခိုင်နှုန်းကျမည်ဟု ACLED က ခန့်မှန်းဖော်ပြထားပါသည်။

PPV0013
ဓာတ်ပုံ- အွန်လိုင်း
#လူ့အခွင့်အရေး
#ကမ္ဘာ့ပဋိပက္ခညွှန်းကိန်း

Leave a Reply

Your email address will not be published. Required fields are marked *