ခမ်းသားငေါဝ်း
ဩဂုတ် ၈၊ ၂၀၂၄

သိန္နီမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင်လ အတွင်းအရပ်သား ၁၃ ဦးသေဆုံးကာ၊ ၂၄ ဦးဒဏ်ရာရပြီးစာသင်ကျောင်း ၃ ကျောင်းအပါအဝင် အဆောက်အဦး ၄၀ နီးပါးပျက်စီးသွားကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF) မှထုတ်ပြန်ထားသည်။

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့အတွင်းလေကြောင်းတိုက်ခိုက်မှုများသည် ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းအဖြစ် MNDAA နှင့်မဟာမိတ်များက လားရှိုးမြို့ကိုစတင်တိုက်ခိုက်သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် စတင်ခဲ့ပြီး စစ်ကောင်စီက သိန္နီမြို့ ရဲစခန်းအနီး ပေါင် ၅၀၀ ဗုံးသုံးလုံးကြဲချခဲ့သဖြင့် အရပ်သားနေအိမ် ၁၀ လုံးပျက်စီးသွားခဲ့ရသည်။

ထို့နောက် ရက်အနည်းငယ်အတွင်း စစ်ကောင်စီတပ်မှ သိန္နီမြို့ပေါ် နှင့် အနီးတစ်ဝိုက်ကျေးရွာများသို့ ၆ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဇူလိုင်လ ၁၈ ရက်နေ့က သိန္နီမြို့မစျေးထဲသို့ ပေါင် ၅၀၀ ဗုံးကျရောက်သည့်ဖြစ်စဥ်မှာ အထိခိုက်အများဆုံးဖြစ်ပြီး အရပ်သား ၁၀ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။

ထို့အပြင် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကြဲချသောလေကြောင်းဗုံးကြောင့် သိန္နီမြို့ ရပ်ကွက် ၂ တွင်ကြီး တွင်းပေါက်ကြီးကိုဖြစ်စေခဲ့ပြီး နေအိမ် ၁၀ လုံးခန့်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

PPV003
ဓာတ်ပုံ-ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF
#SHRF
#လူ့အခွင့်အရေး
#သိန္နီမြို့
#ဇူလိုင်လအတွင်း
#လေကြောင်းတိုက်ခိုက်မှုကြောင့်
#ပေါင်၅၀၀ဗုံး
#ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်

Leave a Reply

Your email address will not be published. Required fields are marked *