ခမ်းသားငေါဝ်း

ဩဂုတ် ၈၊ ၂၀၂၄

ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ထံမံလာ‌ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အဆောက်အဦးတချို့ပျက်စီးခဲ့ကြောင်း PSLF/TNLA က သြဂုတ်လ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

သြဂုတ်လ(၇)ရက်နေ့ နေ့လည် ၁နာရီ ၅၀ မိနစ်ခန့်တွင်တစ်ကြိမ်၊ ၁ နာရီ ၅၅ မိနစ်တွင် တစ်ကြိမ် ဂျက်ဖိုက်တာဖြင့် ဖြတ်အားပြင်းပေါင် ၅၀၀ ဗုံးအသုံးပြုပြီး နှစ်ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆောက်အဦးတချို့ထိခိုက်ပျက်စီးခဲ့ကာ လူထိခိုက်မှုသေဆုံးမှုမရှိကြောင်း ဆိုသည်။

ထို့အတူသြဂုတ်လ (၆) ရက်နေ့ ညနေ (၄း၀၀) အချိန် သီပေါမြိုနယ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး နောင်ကော်ကြီးကျေးရွာ ၊ရေလယ်ဘုရားကျောင်းအတွင်းကျရောက်ပေါက်ကွဲခဲ့ကာ ကျောင်းဝန်းအတွင်းရှိ သံဃာတော်(၁)ပါးနှင့် အမျိုးသမီး(၁)ဦး ဗုံးစထိမှန်သေဆုံးခဲ့ရပြီး သံဃာတော်(၁)တစ်ပါး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

သြဂုတ်လ (၅)ရက်နေ့ကလည်း စစ်ကောင်စီတပ်က ကွတ်ခိုင်မြိုအား တစ်နေ့အတွင်း (၄) ကြိမ် လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြိုခံ ပြည်သူ(၆)ဦး သေဆုံးခဲ့ရပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ကွတ်ခိုင်မြိုမစျေးလည်း မီးလောင်သွားခဲ့ပြီး ဆိုင်ခန်းပေါင်း(၄၀၁)ခန်း မီးလောင်ပျက်စီးသွားခဲ့သည်။

လက်ရှိအချိန်တွင်လည်း နောင်ချိုမြို့နယ်ရေဖြူရွာတွင် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLAနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဆက်လျက်ပြင်းထန်လျက်ရှိကြောင်းသိရှိရသည်။

ဓာတ်ပုံ-အွန်လိုင်း

#PPV008
#လူ့အခွင့်အရေး
#ကွတ်ခိုင်မြို့
#လေကြောင်းတိုက်ခိုက်မှု
#PSLF
#TNLA

Leave a Reply

Your email address will not be published. Required fields are marked *