ခမ်းသားငေါဝ်း
သြဂုတ် ၇၊ ၂၀၂၄

ထိုင်းနိုင်ငံတွင် စက္ကူစက်ရုံပိတ်သိမ်းမှုကြောင့် ရွှေ့ပြောင်းအလုပ်သမားလက်မဲ့ဖြစ်ခြင်းနှင့် အခက်အခဲများကြုံတွေ့သူများကို နစ်နာကြေးရအောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း NUG က သြဂုတ် ၆ ရက်ထုတ်ပြန်ချက်တွင်ဆိုထားသည်၊၊

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်မြို့ရှိ စက္ကူစက်ရုံမှ ဇူလိုင်လဒုတိယပတ်တွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စက်ရုံပိတ်သိမ်းသောကြောင့် မြန်မာအလုပ်သမား (၃၀၀)ကျော်အပါအဝင်စုစုပေါင်းရွှေ့ပြောင်းအလုပ်သမား(၃၈၀)ဦးခန့်သည် အလုပ်လက် မဲ့ဖြစ်ခြင်းနှင့်အခက်အခဲများကြုံတွေ့နေရမှုကို နစ်နာကြေးရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအိုးရ NUG ထုတ်ပြန်ချက်တွင်ဆိုထားသည်၊၊

ရွှေ့ပြောင်းအလုပ်သမားအလုပ်လက် မဲ့ဖြစ်ခြင်းနှင့်အခက်အခဲကြုံတွေ့သူများကို NUG က (M.H.A.C)မဟာမိတ်အဖွဲ့သို့အကူအညီတောင်းခံခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူများ ၊LPN ဖောင်ဒေးရှင်းနှင့်အတူ ထိုင်းနိုင်ငံဥပဒေနှင့်အညီ နစ်နာကြေးကို ဩဂုတ်လ ၄ ရက်နေ့တွင်အလုပ်သမား(၃၈၀)ဦးအတွက်ဘတ်(၁၈)သန်းကျော်ရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊

ထို့အပြင်အလုပ်ရှင်က သဘောတူပေးချေခဲ့သောကြောင့် အလုပ်ရှာနေချိန်တွင် လူမှုဖူလုံရေးကြေးနှစ်လစာရရှိရန်အတွက် ထိုရုံးသို့ တင်ပြတောင်းခံပေးထားသည့်အတွက် အလုပ်သမားများသည် အလုပ်ရှာနေစဥ်ကာလအတွင်း ထောက်ပံ့ကြေးငွေများရရှိခြင်းနှင့် အလုပ်ပြောင်းရွှေ့ခွင့်(ဘိုက်ကျန့်အော့)လည်းရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါ ရှိသည်၊၊

ဓာတ်ပုံ-အွန်လိုင်း

???009
#လူ့အခွင့်အရေး
#ရွှေ့ပြောင်းအလုပ်သမား
#နစ်နာကြေးရရှိရန်
#NUG
#အမျိုးသားညီညွတ်ရေးအစိုးရ
#ထိုင်းနိုင်ငံ

Leave a Reply

Your email address will not be published. Required fields are marked *