ခမ်းသားငေါဝ်း
ဩဂုတ် ၇၊ ၂၀၂၄

အာဏာသိမ်း စစ်ကောင်စီ၏ ၂၀၂၅ ရွေးကောက်ပွဲပြုလုပ်မည့်အပေါ် ထိုင်းဘက်က ကူညီရန် ကမ်းလှမ်းကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာသည်။

နေပြည်တော်မြို့၊ ဩဂုတ်လ ၆ ရက်နေ့မွန်းလွဲ ၂ နာရီတွင် စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးကိုကိုနှင့် စစ်ကောင်စီဝန်ကြီးများအပါအဝင် ရန်ကုန်မြို့ ထိုင်းသံရုံးကသံအမတ်ကြီး Mr. Mongkol Visitstump တို့တွေ့ဆုံချိန် ရွေး‌ကောက်ပွဲအတွက် ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေတွေကို သံအမတ်က မေးမြန်းခဲ့သည်ဟု ဆိုထားသည်။

စစ်ကောင်စီသည် လာမည့်အောင်တိုဘာလတွင် သန်းခေါင်စာရင်းကောက်ယူမည်ဟု ကြေညာထားပြီး စစ်တပ်ဦးဆောင်မည့် ရွေးကောက်ပွဲနှင့် သန်းခေါင်စာရင်းအတွက် ထိုင်းနိုင်ငံက အကူအညီပေးမည်ဟု ကမ်းလှမ်းလိုက်ခြင်းဖြစ်ကြောင်းဆိုသည်။

ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံရွေးကောက်ပွဲ ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စ၊ နိုင်ငံတိုးတက်ရေး ကိစ္စအပါအဝင်၊ နှစ်နိုင်ငံပြည်သူများ တရားဝင် ဝင်၊ထွက် သွားလာနိုင်ရေးနှင့် တရားမဝင် ဝင်၊ထွက်မှုမရှိစေရေးကိစ္စအပါအဝင် Online လိမ်လည်မှုကို ဖမ်းဆီးနှိမ်နှင်းရန်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ရွေးကောက်ပွဲ မသမာမှုဆိုသည့် အကြောင်းပြချက်ဖြင့် အာဏာသိမ်းခဲ့သည်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG က စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံရန် အာဆီယံအပါအဝင် နိုင်ငံတကာကို မကြာခဏ တောင်းဆိုထားသည်။

ဓာတ်ပုံ-အွန်လိုင်း

PPV0011
#နိုင်ငံရေး
#အာဏာသိမ်းစစ်ကောင်စီ
#၂၀၂၅ရွှေးကောက်ပွဲ
#ထိုင်းဘက်ကကူညီရန်ကမ်းလှမ်း
#ထိုင်းသံရုံးသံအမတ်

Leave a Reply

Your email address will not be published. Required fields are marked *