ခမ်းသားငေါဝ်း
ဩဂုတ် ၇၊ ၂၀၂၄

ပင်လောင်းမြို့နယ်ရှိ စင်းတောင်းနှင့်ဝါလီးရွာကြား လွိုင်ကော်သွားသည့်လမ်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးပြီး ခရီးသည်များသွားလာရန်ခက်ခဲ့နေကြောင်း ဩဂုတ်လ ၇ ရက် နေ့ တွင် ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ စင်းတောင်းနှင့် ဝါလီးရွာကြား လွိုင်ကော်မြို့သို့ သွားသည့် လမ်းတလျှောက်တွင် ဩဂုတ် ၁ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းတလျောက်ရေကြီးပြီး ဒေသခံနှင့်ခရီးသည်များ သွားလာရခက်ခဲနေသည်။

“ပင်လောင်းမှာမိုးရွာနေတယ်။ မိုးတအားရွာလို့ လမ်းပေါ်မှာ ရေအိုင်လို့ ဖြစ်နေပြီး ခရီးသည်တွေကလည်း ကား၊ဆိုင်ကယ်တွေကို ခက်ခက်ခဲခဲ ဂရုစိုက် မောင်းနှင်းနေရတယ်”ဟု ဒေသခံကပြောသည်။

ပင်လောင်းမြို့တွင် ဩဂုတ်လ ၁ ရက်နေ့မှ စတင်၍ မိုးသည်းထန်စွာရွာသွန်းမြို့ကြောင့် ယနေ့ ဩဂုတ်လ ၇ ရက်နေ့အထိ ဒေသခံများ၏ စိုက်ပျိုးရေးများပျက်စီးမှုရှိသလိုလမ်းပန်းဆက်သွယ်ရေးများ အခက်အခဲများရှိနေကြောင်း သိရသည်။

ဓာတ်ပုံ-အွန်လိုင်း

PPV0013
#သဘာဝဘေး
#ပင်လောင်း
#လိုင်ကော်
#စင်းတောင်း
#ဝါးလီး

Leave a Reply

Your email address will not be published. Required fields are marked *