ခမ်းသားငေါဝ်း

သြဂုတ်၆၊ ၂၀၂၄

ရန်ကုန်မြို့တွင် MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့များကို အာဏာသိမ်းစစ်ကောင်စီထောက်ခံသူများက ဆန့်ကျင်ဆန္ဒပြပွဲပြုလုပ်ကြောင်း ဩဂုတ် ၆ ရက်နေ့တွင် ရန်ကုန်ဒေသခံထံက သိရသည်။

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယနေ့နံနက်ပိုင်း ၉ နာရီအချိန်တွင် စစ်တပ်ထောက်ခံသူများက ဝါစိမ်းနီအလံများ၊ (Posters)ဆိုင်းပုဒ်များ ကိုင်ဆောင်ကာ MNDAA အားဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည်။

“မနက်ကတည်းက သူတို့ဆန္ဒပြမယ့်နေရာမှာ ရှင်းလင်းနေတာ တွေ့ရတယ်။ MNDAAကို ဆန့်ကျင်တယ်ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ လမ်းမှာလည်းလူတွေတွေ့ရတယ်”ဟု ရန်ကုန်ဒေသခံတစ်ဦးကပြောသည်။

ဩဂုတ်လ ၆ ရက်နေ့တွင် MNDAA အား ဆန့်ကျင်ပွဲများပြုလုပ်ရန် စစ်တပ်မှ သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်ရှိ စစ်ကောင်စီများကို ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး ထိုဆန္ဒပြပွဲတွင် စစ်တပ်ထောက်ခံသူများ၊နေ့စားခရလူများ၊ မဘသ၊ အမျိုးသားအစွန်းရောက်များနှင့် စစ်တပ်လော်ဘီများ ပါဝင်ကြောင်း သိရသည်။

ထို့အတူ နေပြည်တော်မြို့တွင်လည်း ယနေ့နံနက်ပိုင်းတွင် အလားတူ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-အွန်လိုင်း
PPV0011
#စစ်ရေး
#ရန်ကုန်
#ဆန့်ကျင်ဆန္ဒပြ
#အာဏာသိမ်းစစ်ကောင်စီကိုထောက်ခံသူ
#MNDAA

Leave a Reply

Your email address will not be published. Required fields are marked *