ခမ်းသားငေါဝ်း

ဩဂုတ် ၆၊၂၀၂၄

လွယ်သောဝ်ရွာထဲနှင့်လွယ်ထွယ်ရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သြဂုတ်က ၆ ရက်နေ့တွင် သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာအုပ်စု လွယ်ဆောင်ကျေးရွာထဲတွင် ယနေ့မနက်ပိုင်းတွင် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေး တပ်မတော် PNLA နှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တို့ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

“မနက်ကတည်းက ဖြစ်တယ် ရွာ ၄ ရွာ ၅ ရွာမကဘူး ထွက်ပြေးဘနေရတယ်။တောဖက်ကောဆိုက်ခေါင်ဖက်ယော ထွက်ပြေးသွားကြတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

စစ်ကောင်စီဖက်လည်း ကျေးရွာထဲသို့ လက်နက်ကြီးပစ်ထည့်ခြင်းကြောင်း နေအိမ် ထိခိုက်မှုလည်း ရှိနေကြောင်း ၄င်းကဆက်ပြောသည်။

ပြီးခဲ့သည့် သဩဂုတ်လ ၃ ရက်နေ့တွင် မောက်မယ်မြို့နယ်၊ဗန်းမက်အခြေစိုက် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ငှာနချုပ်ကို စစ်ကောင်စီကလက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် ဆီဆိုင်မြို့ပေါ်ရှိ ဒေသခံများ တိုက်ပွဲဖြစ်မည်ကို စိုးရိမ်သဖြင့် ထွက်ပြေးသူများလည်းရှိနေကြောင်း သိရသည်။

ဓာတ်ပုံ-အွန်လိုင်း

#PPV005
#လူ့အခွင့်အရေး
#စစ်ရေး
#ဆီဆိုင်မြို့နယ်
#တောင်ရှေ့ကျေရွာအုပ်စု
#လွယ်ဆောင်ရွာ
#လွယ်ထွယ်ရွာ

Leave a Reply

Your email address will not be published. Required fields are marked *