ခမ်းသားငေါဝ်း

သြဂုတ် ၆၊ ၂၀၂၄

ပင်လောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုက်ပျိူးသီးနှံများပျက်စီးဆုံးရှုံးမှုပြဿနာနှင့်ကြုံတွေ့နေရကြောင်း ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ပင်လောင်းမြို့တွင် ပြီးခဲ့သည့်သြဂုတ်လ ၁ ရက်နေ့ကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်မြေနိမ့်ပိုင်းဒေသရှိ စိုက်ပျိူးသီးနှံများရေလွမ်းမိုး၍ ပျက်စီးကုန်ကြောင်း သိရသည်။

“ဒီပင်လောင်းဖက်မှာဆိုရင်ပြောင်း၊ ငရုပ်သီး၊ ခရမ်းချဥ်သီး၊ အာလူး၊ လက်ဖက်တို့အဓိကစိုက်တယ်ပေါ့နော်၊ နောက်ပြီးငရုပ်သီးနဲ့ခရမ်းချဥ်သီးကမိုးများရင်အဆင်မပြေဘူးလေ၊ ဒီရက်ပိုင်းမှာရေတော့ပြန်ကျသွားပါပြီ ဒါပေမဲ့သီးနှံတွေကရစရာကိုမရှိတော့ဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

ပင်လောင်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ရေကြီးခြင်း၊ တောင်ပြိုခြင်း၊ လမ်းများပျက်စီးခြင်းတို့နှင့်ရင်ဆိုင်နေရပြီး အချိူ့တောင်စောင်းပေါ်တွင်စိုက်ပျိူးထားသည့်လက်ဖက်ခြံများလည်း တောင်ပြိုသည့်ထဲတွင် ပါသွားကြောင်းသိရသည်။

ဓာတ်ပုံ-အွန်လိုင်း

#PPV0012
#သဘာဝဘေး
#ပင်လောင်း
#မိုးသည်းထန်စွာရွာသွန်းမှုကြောင့်
#စိုက်ပျိုးသီးနှံများပျက်စီး
#မြေနိမ့်ပိုင်းဒေသ

Leave a Reply

Your email address will not be published. Required fields are marked *