ခမ်းသားငေါဝ်း
ဩဂုတ် ၆၊ ၂၀၂၄

ဖယ်ခုံအနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတွင် အမိုးအကာနှင့် ဆေးဝါးများလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအနောက်ဘက်ခြမ်းတွင် မိုးများအဆက်မပြတ်ရွာသွန်းနေပြီး ရာသီရောဂါများ ဖြစ်ပွားနေမှုကြောင့် မိုးကာနှင့် ဆေးဝါးများ လိုအပ်နေသည်။

” ဒီမှာအရင်ရက်ပိုင်းတွေက မိုးအရမ်းရွာနေတာ၊မိုးကာတွေကလည်း နှစ်ချို့နေတော့ ဆွေးနေတယ်၊ မိုးဒဏ်မခံနိုင်တော့ဘူး၊ ပြီးတော့ ကလေးငယ်အချို့ လည်းဝမ်းပျက်ဝမ်းလျောဖြစ်ကြတယ်၊ မိုးရာသီဆိုတော့လည်း ခနခနဖျားနာမှုတွေ ဖြစ်တယ်၊ ဆေးဝါးကလည်း လုံလုံလောက်လောက်မရှိဘူး” လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။

စစ်ရှောင်များအတွက် မိုးကာအသစ်တွေလိုအပ်နေကြောင်း၊ မိုးဗြဲရေကြီးမှုကြောင့် ထပ်မံရောက်ရှိလာသော စစ်ရှောင်များအတွက်လည်းနေရာထိုင်ခင်းတွေ ထပ်မံတည်ဆောက်ဖို့လိုအပ်နေကြောင်း၎င်း ကဆက်ပြောသည်။

အဆိုပါစစ်ရှောင်စခန်းကို ၁၁၁၁ စစ်ဆင်ရေးကတည်းဖွင့်လှစ်ထားခြင်းဖြစ်ပြီး စစ်ဘေးရှောင် ၂၀၀ ခန့် ခိုလှုံနေထိုင် နေကြောင်းသိရသည်။

PPV003
#လူ့အခွင့်အရေး
#ဖယ်ခုံအနောက်ခြမ်း
#အမိုးအကာ

Leave a Reply

Your email address will not be published. Required fields are marked *