ခမ်းသားငေါဝ်း
ဩဂုတ် ၆၊ ၂၀၂၄

ကွတ်ခိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သြဂုတ်လ ၅ ရက်နေ့၌ စစ်ကောင်စီမှ လေကြောင်းနှင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၅)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှ် ခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်၏ ကင်းထောက်လေယာဉ်ပျံဝဲခဲ့ပြီးနောက် ညနေ ၃ နာရီနောက်ပိုင်းတွင် ပေါင်(၅၀၀)ဗုံး (၇)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူအပြင် မြို့မစျေးရှိ ဆိုင်ခန်းများအပါအဝင် နေအိမ်(၅)လုံးထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်းသိရသည်၊၊

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့မစျေးနှင့် မြို့အတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား(၃)ဦးနှင့် မြို့လယ်ရှိ ဒေသခံ(၂)ဦး စုစုပေါင်း(၅)ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထိုအပြင် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကွတ်ခိုင်မြို့တွင်းရှိ နေအိမ်(၅)လုံးထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ပြီး မြို့မစျေးရှိ ဆိုင်ခန့်တချို့လည်း မီးလောင်သွားကာ PSLF/TNLA ၏ ကွတ်ခိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ အချိန်မှီ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့တွင်လည်း MNDAA အုပ်ချုပ်နေသည့် သိန္နီမြို့ရှိ စျေးအတွင်းလူစည်ကားနေချိန် စစ်ကောင်စီတပ်က လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၇)ဦး သေဆုံးသွားခဲ့ပြီး လောက်ကိုင်မြို့ကိုလည်း မကြာခဏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း TNLA ကဆိုသည်။

PPV003
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကွက်ခိုင်မြို့
#ပေါင်၅၀၀ဗုံး
#လေကြောင်း
#ဗုဲးကြဲတိုက်ခိုက်မှု

Leave a Reply

Your email address will not be published. Required fields are marked *