ခမ်းသားငေါဝ်း
သြဂုတ် ၆၊ ၂၀၂၄

ပင်လောင်းတောင်ဘက်ကျေးရွာများတွင် ကျောင်းဆက် မတက်သည့်ကလေးနှင့်အသက် ၄၅ နှစ်အထက် ၅၅ အောက်ကျေးရွာသား များကို PNO ပြည်သူ့စစ်ကရွာတွင် ကင်းစောင့်ခိုင်းနေကြောင်းသြဂုတ်လ ၆ ရက်နေ့တွင် ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဖက်ရှိ ကျေးရွာများတွင်ကျောင်းဆက်မတက်သည့် ၁၄/၁၅ နှစ်အရွယ် ကလေးများနှင့်အသက် ၄၅ နှစ်အထက် ၅၅ အောက်ကျေးရွာသား များကို PNO ပြည်သူ့စစ်ကရွာတွင်ကင်းစောင့်ခိုင်းနေသည်။

‟ခေါင်းဆောင်ဖွဲ့ပေးထားသည့်အတိုင်းသွားရတယ် ရွာအရှေ့ဘက်နဲ့အနောက်ဘက်ကိုတော့တစ်ဖွဲ့ ၇ ယောက်ဖွဲ့ပေးတယ် ရွာတောင်ဘက်ကိုတော့ရွာစောင့်နှစ်ယောက်နဲ့စစ်သားနှစ်ယောက်ဖွဲ့ပေးတယ်″ဟုဒေသခံတစ်ဦးကပြောသည်။

PNO ပြည်သူ့စစ်ကရွာသားများကို ကင်းစောင့်ခိုင်းပြီးမလာသည့်သူများကဒဏ်ငွေ သုံးသောင်းငါးထောင်ပေးရကြောင်း၄င်းကဆက်ပြောသည်။

ကင်းစောင့်ရသည့်ကျေးရွာများမှာ ကောင်ဗာ၊ ထီဗိ၊လိန်းညာ၊ တခါးယဥ်၊ ညောင်မွူး၊ တတောက်၊ ဟံတနျား၊ ပင်ခွန်၊ ပင်ကာလ၊ ဝါးလီး၊ ဆောင်းထံ ရွာများဖြစ်ကြောင်းသိရသည်၊၊

ပင်လောင်းဒေသတွင် လက်ရှိတိုက်ပွဲငြိမ်နေပြီး ပြီးခဲ့သည့်မတ်လကစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ဘေးရှောင်သူများ နှစ်သောင်းနီးပါးခန့်ရှိကြောင်းသိရသည်၊၊

ဓာတ်ပုံ-အွန်လိုင်း

PPV009
#လူ့အခွင့်အရေး
#ကလေးသူငယ်အခွင့်အရေး
#ပင်လောင်းတောင်ဘက်

Leave a Reply

Your email address will not be published. Required fields are marked *