ခမ်းသားငေါဝ်း
ဩဂုတ် ၆၊ ၂၀၂၄

‌ကျောက်မဲမြို့ကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ဩဂုတ်လ ၆ ရက်နေ့တွင် ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ပူးပေါင်းတပ်ဖွဲ့များက ဩဂုတ် ၅ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

“မနေ့ညတော့ အပြင်းအထန်တိုက်ပွဲဖြစ်ကြတယ်။‌‌လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်တယ်။ လူတွေ အများကြီးသေတာလည်းရှိတယ်။ အဆောက်အဦးလည်း ရစရာမရှိအောင် ပျက်စီးကုန်ပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျောက်မဲမြို့ကို ၁၀၂၇ ဒုတိယလှိုင်းရှမ်းမန်းစစ်ဆင်ရေးအဖြစ် ဇွန်လ ၂၅ မှ စတင်ပြီး TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက တလကျော် အကြာတွင် အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ရှမ်းမြောက်တွင် တလကျော်အတွင်း TNLAနှင့် မဟာမိတ်အဖွဲ့များက နောင်ချို၊ ကျောက်မဲတို့ကို သိမ်းပိုက်ရရှိထားသကဲ့သို့ MNDAAနှင့် ပူးပေါင်းတပ်ဖွဲ့များက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိူးမြို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိထားသည်။

PPV0011
ဓာတ်ပုံ-အွန်လိုင်း
#စစ်ရေး
#ကျောက်မဲ
#TNLA
#ပူးပေါင်းတပ်ဖွဲ့
#နောင်ချို
#ဒုတိယလှိုင်း
#ရှမ်းမန်းစစ်ဆင်ရေး

Leave a Reply

Your email address will not be published. Required fields are marked *