ခမ်းသားငေါဝ်း
ဩဂုတ် ၅၊ ၂၀၂၄

ပင်လောင်းမြို့နယ်တွင် စစ်ရှောင်ပြည်သူများအနက်သက်ကြီးပိုင်းအမျိူးသမီးများ အအေးပတ်၍သေဆုံးမှု ၄ ဦးထိရှိလာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး(PYO)ထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့တွင် ယခုနှစ်မိုးရာသီ၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ ရာသီဥတုအေးခြင်းကြောင့် သုံးရက်အတွင်း အအေးပက်၍သေဆုံးသူ ၄ ဦးထိရှိသည်။

“အခုရက်ပိုင်း တစ်ချိူ့စစ်ရှောင်စခန်းဆိုရင် လူကြီး၊ ကလေးကလွဲရင်ကျန်တဲ့လူကတစ်ရက်ကိုထမင်း(၂)နပ်လျှော့စားကြတယ်ဆိုတဲ့ကိစ္စရပ်လဲပေါ်လာတယ် ၊ နောက်ပြီးတော့သေဆုံးသွားတဲ့အမျိူးသမီးတွေဟာ ပင်လောင်းတောင်ဘက်ကစစ်ရှောင်တွေပဲဖြစ်တယ်”ဟုပအိုဝ်းလူငယ်အစည်းအရုံးတာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ဘေးရှောင်များသည် မိုးရာသီဖြစ်သည့်အတွက် အမိုးအကာမလုံလောက်ခြင်းတို့ ကြုံတွေ့နေရပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေကြောင်းသိရသည်၊၊

ယခင်ကစစ်ရှောင်ရင်း ပြည်သူများပုံစံမတူသေဆုံးမှုရှိခဲ့သော်လည်း ယခုအအေးပက်၍သေဆုံးမှုသည်ပထမဆုံးအကြိမ်ဖြစ်ပြီး သေဆုံးသူများမှာအသက် (၆၂)နှစ် နှင့် (၅၇)နှစ်အရွယ်နမ့်နိန်းဒေသခံနှစ်ဦး၊ အသက်(၇၁) နှစ်အရွယ်နောင်ဝိုးဒေသခံတစ်ဦး၊အသက်(၅၆)နှစ်အရွယ် လဲင်းဗွာလဒေသခံတစ်ဦးတို့ဖြစ်ကာ သေဆုံးသူများအားလုံးသည် အမျိူးသမီးများဖြစ်ကြောင်း သိရသည်။

အထက်ပါစာရင်းများသည် ပြီးခဲ့သည့်ဇူလှိုင်၂၅ ရက်မှဇူလိုင်၂၇ ရက်အထိသုံးရက်အတွင်း သေဆုံးမှုဖြစ်ကြောင်းပအိုဝ်းလူငယ်အစည်းအရုံး(PYO)၏ ကောက်ယူထားသည့်စာရင်းများအရ သိရသည်။

ဓာတ်ပုံ-အွန်လိုင်း
#PPV0012
#လူ့အခွင့်အရေး
#ပင်လောင်း
#သက်ကြီးပိုင်းအမျိုးသမီး
#အအေးပတ်
#ပအိုဝ်းလူငယ်အစည်းအရုံး

Leave a Reply

Your email address will not be published. Required fields are marked *