ခမ်းသားငေါဝ်း

ဩဂုတ် ၅ ၊ ၂၀၂၄

ဉဆောင်၊ တောင်ထီဗွာကျေးရွာမှ ပင်လောင်းမြို့ သွားသည့် လမ်းပေါ် တွင် မြေပြိုမှုဖြစ်ပွားနေသဖြင့် ဒေသခံများ သွားလာရေးခက်ခဲနေကြကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် သြဂုတ်လ ၃ ရက်နေ့၌ တောင်ထီဗွာ၊ ဉဆောင်ရွာမှ ပင်လောင်းမြို့သို့ သွားသည့် လမ်းပေါ်တွင် မြေပြိုနေသဖြင့် ဒေသခံများ သွားလာရေးခက်ခဲနေကြကြောင်းသိရသည်။

” ရင်းမှီးရွာမရောက်ခင် ကုန်စီရွာအကျော်မှာဖြစ်တာ။ ခုတော့ မရှင်းသေးဘူး။ မိုးလည်းဖွဲ့ဖွဲ့ ရွာနေသေးတော့ ရွာသားတွေ မရှင်းရဲကြဘူး။ “ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ပင်လောင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင်း တောင်ပြိုခြင်း၊ လမ်းကျွံကျခြင်း၊ရေကြီးခြင်းတို့ ကြုံတွေ့နေရကြောင်းသိရသည်။

ရေကြီးခြင်း၊ လမ်းကျွံခြင်း၊ တောင်ပြိုခြင်းတို့ကြောင်းတစ်ချို့ကျေးရွာများထဲ သွားလာရေး ခက်ခဲနေသောကြောင်း ကုန်စည်ပြတ်လပ်မှုရှိပြီး ဒေသခံများ အခက်ခဲကြုံတွေ့နေရကြောင်းသိရသည်။

ဗွီဒွီယို-Cj

#PPV005
#သဘာဝဘေး
#ပင်လောင်း
#ဥဆောင်