ခမ်းသားငေါဝ်း
ဩဂုတ် ၄၊ ၂၀၂၄

PNO ပြည်သူ့စစ် ဖမ်းသွားသည့် နောင်သိမ်ကျေးရွာ ရပ်မိရပ်ဖအသက် ၅၀ ကျော်အရွယ် ခွန်ထက်နိုင်သည် သေဆုံးလျက်ပြန်တွေ့ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တဘတ်ကျေးရွာအုပ်စု၊ နောင်သိမ်ကျေးရွာ ရပ်မိရပ်ဖဖြစ်သူ အသက် ၅၀ ကျော်အရွယ် ခွန်ထက်နိုင်သည် PNO ပြည်သူ့စစ် ဖမ်းဆီးသွားပြီးနောက် သေဆုံးလျက်ပြန်လည်တွေ့ ရှိခဲ့ကြောင်းသိရသည်။

“ဖမ်းတာက ၅ လပိုင်းကတည်းကပေါ့နော်။ PNO က ရွာထဲမှာ PDF လက်ခံထားတယ်ဆိုပြီး ဖမ်းသွားပြီး သတ်သွားတာ။ သတ်ပြီးတော့ တော့ထဲမှာ ချောက်တစ်ခုထဲမှာ ပစ်ထည့်လိုက်တယ်။ နောက်မှ ဒေသခံတွေပြန်တွေ့တယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

သေဆုံးသွားသော ခွန်ထက်နိုင်သည် ထိုင်းနိုင်ငံတွင် သားဖြစ်သူ ကျန်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၉ ရက်နေ့တွင်လည်း နောင်ရင်းရွာနေစစ်ရှောင်အရေး တက်ကြွလှုပ်ရှားသူ ခွန်ဇာခွန်နှင့် ခွန်ပလွန်တို့နှစ်ဦးကို PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်အဖွဲ့မှ ဖမ်းဆီးပြီး ညှင်းပန်းနိပ်စက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် PNO ပြည်သူ့စစ်က တက်ကြွလှုပ်ရှားသူများ၊ ပရဟိတလုပ်ကိုင်သူများကို ဖမ်းဆီးစစ်ဆေးခြင်း ၊ ဖမ်းဆီးပြီး သတ်ဖြတ်သွားသည့် ဖြစ်စဉ် ၁၀ ကြိမ်ထက်မနည်းရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-ခမ်းသားငေါဝ်း

#PPV005
#လူ့အခွင့်အရေး
#ဆီဆ်ုင်မြို့နယ်
#နောင်သိမ်ကျေးရွာ
#ရပ်မိရပ်ဖ
#သတ်ဖြတ်ခံရ

Leave a Reply

Your email address will not be published. Required fields are marked *