ခမ်းသားငေါဝ်း
ဩဂုတ် ၄ ၊ ၂၀၂၄

PNLA ဌာနချုပ်ကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက် ဆီဆိုင် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်ပြီးထွက်ပြေးနေကြကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဗန်းမက်ရှိ ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးအဖွဲ့ချုပ် PNLA ငှာနချုပ်ကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဩဂုတ် ၃ ရက်နေ့တွင် ၁၀ ကြိမ်မကလက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် ဆီဆိုင်မြို့ပေါ်ရှိ ဒေသခံများ တိုက်ပွဲဖြစ်မည်စိုးရိမ်ပြီး ထပ်မံထွက်ပြေးတိမ်းရှောင်နေကြသည်။

“ခုမိုးလည်းတအားကြီးနေတယ် တစ်ချို့ကလေးတွေက ခြေကျင်နဲ့ ပြေးနေရတော့ စိတ်မကောင်းဘူး မိုးကားလည်းမပါဘူး မိုးစိုစိုနဲ့ပြေးနေကြတာ “ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်၊၊

လက်ရှိတွင်မြို့အဝင်အထွက်များ၌ PNO ပြည်သူ့စစ်နှင့်စစ်ကောင်စီက ထွက်ခွင့်မပေးပဲ တားမြစ်ထားကြောင်း မနက်ဖန် ၆ နာရီဂိတ်ဖွင့်မှသာ ထွက်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်၊၊

သတင်းအရင်းအမြစ်တစ်ဦးကလည်း “စစ်တပ်နဲ့ရဲ ကပြေးမှာ PNO ကိုချန်ထားပြီး ပအိုဝ်းချင်းချင်း ပြန်တိုက်တိုက်ခိုင်းတာ စစ်ခွေးကယုတ်မာတာ ပအိုဝ်းအချင်းချင်းကိုသွေးထိုးပေးနေတာ”ဟု ပြောသည်၊၊

လက်ရှိဆီဆိုင်မြို့တွင် ပစ္စည်းအခိုးခံရမည်စိုးရိမ်ပြိး နေရစ်ခဲ့သည့်ပြည်သူများလည်းရှိနေကြောင်း သိရသည်၊၊

ဆီဆိုင်မြို့တိုက်ပွဲသည် ပြီးခဲ့သည့် ဇန်နဝါရီလ၂၁ ရက်နေ့ မဲနယ်တောင်ဒေသ စံဖူးရွာ PNLA လက်နက်ယာဉ်တန်းကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် တားဆီးရာကနေမှ တိုက်ပွဲစတင်ဖြစ်ပွား ခဲ့ရကြောင်းသိရသည်။

#PPV005
#လူ့အခွင့်အရေး
#PNLAဌာနချုပ်
#ဆီဆိုင်ဒေသခံ
#တိုက်ပွဲဖြစ်မည်စိုးရိမ်ပြီး

Leave a Reply

Your email address will not be published. Required fields are marked *