ခမ်းသားငေါဝ်း

ဩဂုတ် ၄၊ ၅၀၂၄

လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း၊ မဖွယ်မရာပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ အိန္ဒယသမ္မတနိုင်ငံ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇင်ခင်ကို ရာထူးမှထုတ်ပယ်ကြောင်း NUG က သြဂုတ်လ(၃)ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာနသည် လုပ်ငန်းခွင်တွင် လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်သည်ဟူသောတိုင်ကြားချက်အား၂၀၂၃ ခုနှစ်နိုဝင်ဘာလတွင်လက်ခံရရှပြီးဒီဇင်ဘာလတွင်ကြားနာစစ်ဆေးသတိပေးမှုများပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဆိုသည်။

အမျိုးသမီးမဟာမိတ်အဖွဲ့မြန်မာ WAC-M ကနိုင်ငံခြားရေးဝန်ကြီးဌာနသို့အမျိုးသားညီညွတ်ရေးအစိုးရ၏အထက်ပါပြူမူခြင်းဆိုင်ရာအကာအကွယ်ပေးရေးမူဝါဒနှင့်အညီအမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန်နှင့်အ ခြားသောအမျိုးသမီးများလည်း တရားမျှတမှုအတွက်တောင်းဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်းပြုမူသောဆလိုင်းအိုက်ဇင်ခင်ကို စာရွက်စာတမ်းများအခြေပြုနည်းလမ်းနှင့် လူတွေ့မေးမြန်းခြင်းနည်းလမ်းနှစ်ရပ်အသုံးပြုပြီး စုံစမ်းစစ်ဆေးရာတွင်အမှန်တကယ်ကျုးလွန်ခဲ့ပြီးအဆိုပါလုပ်ရပ်များသည် နိုင်ငံရပ်ခြားတစ်နေရာတွင်မြန်မာ့တော်လှန်ရေးအစိုးရတာဝန်ခံအရှိဆုံးပုဂ္ဂိုလ်အား တာဝန်ခံယူမှုကင်းမဲ့ခြင်းနှင့်တာဝန်အရှိဆုံးသူကကျူးလွန်သောကြောင့် ထိရောက်စွာတုံ့ပြန်ရမည့်ကိစ္စရပ်ဖြစ်ကြောင်းႏထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားဝန်ကြီးဌာနမှဆလိုင်းအိုက်ဇက်ခင်းအားကျူးလွန်သည့်အတွက်၂၀၂၄ ခုနှစ်၊ဩဂုတ်လ(၁)ရက်နေ့ နံနက်ပိုင်းအချိန်တွင် ရာထူးမှထုတ်ပယ်ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်၊၊

PPV009
#လူ့အခွင့်အရေး
#လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း
#အမြတ်ထုတ်ခြင်း
#ရာထူးမှထုတ်ပယ်

Leave a Reply

Your email address will not be published. Required fields are marked *