ခမ်းသားငေါဝ်း

ဩဂုတ် ၄၊ ၂၀၂၄

ဇူလိုင်လတစ်လအတွင်း PNO ပြည်သူ့စစ်အပါအဝင် စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ထုတ်ပြန်ချက်တွင်ဆိုထားသည်။

လွိုင်ကော်မြို့တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးမှုများပြီး လက်နက်ငယ် လေးလက်နှင့် ခဲယမ်း မီးကျောက်များ ၊ အသုံးဆောင်များအား သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

ရှမ်း-ကယား နယ်စပ် ပင်လောင်းမြို့နယ် ဆောင်းပြောင်း၊နောင်ဝိုးကျေးရွာဘက် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းမှ ၂၀ သေဆုံးကာ ၊ညောင်ရွှေနှင့် ဖယ်ခုံ အစပ် တိုက်ပွဲတွင် စစ်ကောင်စီဦးရေ ၃၀ ကျော်သေဆုံးပြီး လက်နက်ငယ် ၁၅ လက်နှင့် ခဲယမ်း ၊မီးကျောက်များ ၊ အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း KNDF ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

ဇူလိူင်လ တိုက်ပွဲအတွင်းတွင်စစ်ကောင်စီတပ်စခန်းကုန်း ၃ ခု စစ်ဆေးရေးဂိတ်တစ်ခု၊ရဲစခန်းတစ်ခုတို့ကိုမီးရှို့ဖျတ်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

တိုက်ပွဲအတွင်းတွင် စစ်ကောင်စီဖက် လက်နက်ကြီးများပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားငါးဦးနှင့် အထက်သေဆုံးပြီး ဒဏ်ရာရရှိသူများကြောင်းသိရသည်။

စစ်ကောင်စီမှ လက်နက်ကြီး၊ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုင်ခြင်း နှင့် မီးရှို့ဖျက်ဆီးခြင်းများကြောင့် လွိုင်ကော်မြိုရှိ နေအိမ် ၉၀ ကျော် မီးလောင်ပျက်စီးခဲ့ရပြီး ရှမ်းတောင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင်လည်း စစ်ရှောင်နေအိမ်ငါးလုံးနှင့်စာသင်ကျောင်းတခု ပျက်စီးသေးကြောင်း KNDFထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

#PPV005
#စစ်ရေး
#ဇူလိုင်လအတွင်း
#KNDF
#လွိုင်ကော်မြို့
#ရှမ်းကယားနယ်စပ်

Leave a Reply

Your email address will not be published. Required fields are marked *