ခမ်းသားငေါဝ်း
သြဂုတ် ၃၊ ၂၀၂၄

တောင်ကြီးမြို့စွန်ရပ်ကွက်များရှိအိမ်များကိုဖယ်ရှားပြီးအစိုးရစီမံခန့်ခွဲပိုင်ခွင့်မြေအဖြစ်ပြန်လည်သိမ်းဆည်းရန်စစ်ကောင်စီကပြင်ဆင်နေကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့ရပ်ကွက်အစွန်အဖျားတောင်စောင်းတွင်ရှိ နေ အိမ်များကို ပထမအကြိမ်အသိပေးစာလိုက်ကပ်ထားခြင်းများပြုလုပ်နေကြောင်းဒေသခံထံ သိရသည်။

‟သူတို့ကစခန်းဆောက်ဖို့ဖယ်ခိုင်းတာလို့ကြားတယ် သေချာတော့မသိရဘူး ဖယ်ခိုင်းတာတော့မှန်တယ်”ဟုမြို့ဒေသခံတစ်ဦးကပြောသည်။

ကျောင်းကြီးစုရပ်ကွက် ၊ စမ်းရေတွင်း တစ်ကြော တောင်စောင်းတွင် ဆောက်လုပ်ထားသည့် နေအိမ်များကို ဇူလိုင်လ(၂၆) ရက်စွဲဖြင့် အသိပေးအကြောင်း ကြားစာ လိုက်ပို့ထားပြီး၊ အသိပေးစာ တွင် ၁၅ ရက်အတွင်း ဖယ်ရှားပေးရန် ဆင့်စာ ကို ထုတ်ဆင့် အသိပေးခြင်း ဖြစ်ကြောင်းသိရသည်။

အစိုးရစီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေပေါ်တွင် ခွင့်ပြု ချက် တစ်စုံတစ်ရာ မရှိဘဲ မြေကွက် ဖော်ထုတ်ခြင်း၊ အဆောက်အဦး ဆောက်လုပ်ခြင်း အုတ်တံတိုင်း ကာရံခြင်း၊ ကျောက်တိုင်စိုက်ထူခြင်းများအ ပေါ် စိစစ်ခဲ့ရာ တောင်ကြီးမြို့နယ် ကျောင်းကြီးစု ရပ်ကွက် ၊ နယ်မြေ တွင် ပိုင်ရှင်ဖြစ်သူမှ အခွင့် အမိန့် မရရှိဘဲ တရားမဝင် လူနေအိမ် ဆောက်လုပ်ခြင်း ၊ မြေကွက်ဖော်ထုတ်ခြင်း၊ အုတ်တံတိုင်း ကာရံခြင်း ၊ ကျောက်တိုင်စိုက်ထူခြင်းများကို ၎င်းထုတ်ဆင့်စာတွင်ဖော်ပြထားသည်။

တောင်ကြီးမြို့ရှိ ကရင်မရေထွက်၊ မြေဖြူ ၊ စဝ်စံထွန်း၊ ရတနာသီရိ၊ ချမ်းမြ၊ ရွှေတောင်၊ စိန်ပန်း၊ ကံသာ၊ ညောင်ဖြူစခန်း နှင့် ကျောင်းကြီးစု တို့ တကြောတွင် တိုးချဲ့အိမ်ခြေပေါင်း ထောင်နှင့် ချီ ရှိနိုင်ပြီး မည်သို့ ဆက်လက်ဖြစ်နိုင်မည် ကို မသိရသေးကြောင်းဒေသခံပြောပြချက်အရသိရသည်။

photo ဒေသခံ
#???009
#Taunggyi
#မြေသိမ်း
#မြို့စွန်

Leave a Reply

Your email address will not be published. Required fields are marked *