ခမ်းသားငေါဝ်း
သြဂုတ် ၃၊ ၂၀၂၄

ပင်လောင်း-လွိုင်ကော် အဓိကလမ်းမကြီး ပင်ကာလရွာအဝင်တွင် မြေပြိုကျပျက်စီးသွားကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့အနီး၊ ပင်လောင်း-ဝါးလီရွာအဆင်း၊ ပင်ကာလရွာအဝင်၌ ယနေ့မနက် ၁ နာရီခန့်တွင် မိုးရေကြီးမှုကြောင့် လမ်းပိုင်းမြေ ပြိုကျပျက်စီးသွားသည်။

”ဒီမနက်လောက်မှာ ပြိုသွားတယ်လို့သိရတယ်၊ ချိုင့်တစ်ခုနားမှာပြိုသွားတယ်ပေါ့နော်၊ ကားတစ်စီးတော့အောက်ကျသွားတယ်၊ လူတော့နဲနဲထိသွားတယ်၊ အခုဆိုသွားလို့မရတော့ဘူး” ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

လမ်းသည် ပေ ၅၀၊၆၀ ကျော်လောက်ပြိုကျပျက်စီးသွားပြီး သွားလာဖြတ်သန်း၍မရတော့ကြောင်းသိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပင်လောင်းမြို့ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး နေအိမ်အချို့နှစ်မြှုပ်ခဲ့ကြောင်းသိရသည်။

photo social

#PPV 003
#ပင်လောင်း
#သဘာဝဘေး
#လမ်းပျက်စီးမှု
#ပင်ကာလ

Leave a Reply

Your email address will not be published. Required fields are marked *