ခမ်းသားငေါဝ်း
သြဂုတ် ၃၊ ၂၀၂၄

ကရင်နီပြည်တွင် အာဏာသိမ်းစချိန်မှ စတင်၍ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်သား ၃၄၅၅ ဦးသေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က သြဂုတ်လ ၁ ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း ကရင်နီပြည်တွင် တိုက်ပွဲအကြိမ်ရေ ၁၁၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးအင်အားစုဘက်မှ ၆၀၈ ဦးကျဆုံးသွားကြောင်းသိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ လေကြောင်းတိုက်ခိုက်မှု ၁၆၅၅ ကြိမ်ပြုလုပ်ခဲ့ပြီး၊ ပြည်သူနေအိမ် ၂၆၈၂ လုံး၊ စာသင်ကျောင်း ၂၅ လုံး၊ ဆေးရုံ/ဆေးခန်း ၁၆လုံး၊ ဘာသာရေးအဆောက် အအုံ ၅၂ လုံး ပျက်စီးသွားကြောင်းသိရသည်။

ထို့အတူ စစ်ကောင်စီဖက်မှလည်း ယဥ်တန်းပျက်စီးမှု ၆၈ စီးနှင့် တိုက်လေယာဥ် ၃ စီးပျက်စီးသွားခဲ့သည်ဟု PKPF ကဆိုသည်။

တိုက်ပွဲအတွင်းတွင် ပြည်သူ ၅၁၄ ဦးသတ်ဖြတ်ခံရပြီး စစ်ရှောင်ရင်းသေဆုံးသူ ၁၅၃ ဦးရှိကာ မတရားဖမ်းဆီးခံရသူ ၁၆၂ ဦးရှိကြောင်းသိရသည်။

photo google
#PPV003
#humanright
#ကရင်နီပြည်
#PKPF

Leave a Reply

Your email address will not be published. Required fields are marked *