ခမ်းသားငေါဝ်း
သြဂုတ် ၃၊ ၂၀၂၄

လွိုင်ကော်မြို့ ပန်ကန်းဘက်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး တော်လှန်ရေးတပ်ဖက်မှ ထိခိုက်ကျဆုံး မှုရှိကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှသိရသည်။

ကယား( ကရင်နီ) ပြည်၊ လွိုင်ကော်မြို့၊ ပန်ကန်းဘက်၌ သြဂုတ်လ ၂ ရက်နေ့တွင်စစ်ကောင်စီနှင့် တော်လှန်ရေး တပ်တို့ တိုက်ပွဲတစ်နေကုန်ဖြစ်ပွားခဲ့သည်။

” မနေ့ကတစ်နေကုန်တိုက်ပွဲ ဖြစ်တယ်၊ ကျွန်တော်တို့ KNDF ရဲဘော် နှစ်ဦး ကျသွားတယ်၊ စစ်ကောင်စီဘက်က အထိခိုက်အကျဆုံးတွေကိုတော့ အတိအ ကျမသိရသေးဘူး” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ရေးအပြောင်းလဲကြောင့် လွိုင်ကော်မြို့မှ ပြန်ဆုတ်ခွာလာခဲ့ပြီး၊ စစ်ကောင်စီဘက်ကလည်း လွိုင်ကော်မြို့ကို အင်အားအလုံးအရင်းဖြည့်တင်းလာနေကြောင်း ၎င်း ကဆက်ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်မှ အရပ်ဘက်သုံးကုန်တင်ကား အစီး ၃၀ ခန့်ဖြင့် တောင်ကြီးဘက်မှ လွိုင်ကော်သို့ အင်အားဖြည့်တင်းလာကာ လွိုင်ကော်ကို ထိုးစစ်ဆင်ရန်ပြင်ဆင်နေကြောင်းသိရသည်။

#PPV 003
#ပန်ကန်း
#တိုက်ပွဲ
#ကရင်နီပြည်
#KNDF

You missed