ခမ်းသားငေါဝ်း
သြဂုတ် ၂၊ ၂၀၂၄

တောင်ကြီးမြို့တွင် လောင်စာဆီ ပြတ်လပ်မှုကြောင့် ယာဥ်လိုင်းပြေးဆွဲမှုအချို့ရပ်နားပြီးတောင်ကြီးမြို့ပေါ်အလုပ်လာလုပ်သူများအခက်ခဲကြုံတွေ့ သြဂုတ် ၂ ရက်နေ့ကဒေသခံများထံသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် လောင်စာဆီ ပြတ်လပ်မှုသည် မြို့တွင်းပြေးဆွဲနေ သည့်ယာဥ်လိုင်းအချို့ရပ်နားရမှုကြောင့် ​အခြေခံ လူတန်းစားသွားလာခြင်း အခက်ခဲကြုံတွေ့ရကြောင်းသိရသည်။

“ အန်တီက မြို့မစျေး မှာအလုပ်လုပ်တော့ ညဆို အေးသာယာကို လိုင်းကားနဲ့ပဲပြန်တယ်။ အဲ့တာ မနေ့ညက ဓာတ်ဆီတွေ လည်း မရကြတော့ လိုင်းကားဆွဲတဲ့သူလည်း သိပ်မရှိတော့ လိုင်းကားကို လူတိုးပြီးစီးရတယ်။ ဓာတ်ဆီရှိတဲ့ လိုင်းကား လောက်ဘဲ ဆွဲတယ်ကော။ အချိန်အကြာကြီးတော့ စောင့်စီးရတယ်။ အေးသာယာ ဖက်မှာ ဓာတ်ဆီဆိုင် အဲ့လောက်များတာ စံပြတစ်ဆိုင်ဘဲ ရတာ” ဟု ကြုံတွေ့ သူက ပြောသည်။

အဓိကတောင်ကြီးမြို့နှင့် အေးသာယာ၊ စက်မှုဇုန် တို့၌နေ့စဥ်ပြေးဆွဲနေသည့်ယာဥ်လိုင်းကားများတချို့ရပ်နားခဲ့ရပြီး တောင်ကြီးမြို့ပေါ်အလုပ်လာလုပ်သူများ အခက်ခဲကြုံတွေ့မေရသည်။

ခု ကာလအတွင်း ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် ရှိ ဓာတ်ဆီပြတ်လတ်မှုရှိနေပြီး ကျန်ဒေသတွင်လည်း ဓာတ်ဆီ ရရှိမှု ခက်ခဲနေ၍ ပြည်သူများလည်း ဒုက္ခမျိုးစုံ နှင့် ကြုံတွေ့ နေရကြောင်းကို သိရှိရသည်။

#PPV0013
#လောင်စာဆီ
#ပြတ်လပ်
#ကားရပ်နား
#Humanright

Leave a Reply

Your email address will not be published. Required fields are marked *