ခမ်းသားငေါဝ်း
သြဂုတ် ၂၊ ၂၀၂၄

တာချီလိတ်တွင်လေးရက်ဆက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား နေ ကြောင်း ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းထံမှသိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့တွင် မုန်တိုင်းကြောင့် မိုးအဆက်မပြတ် ၄ ရက်ဆက်ရွာသွန်းပြီးနောက် သြဂုတ်လ ၁ ရက်နေ့ ညနေပိုင်းတွင် ရပ်ကွက်အချို့ ၌ ရေကြီးမှုဖြစ်ပွားခဲ့သည်။

”မနေ့ည ညနေပိုင်းလောက်စပြီး ရေကြီးတယ်၊ ရပ်ကွက် ၃ ခုလောက်ရေဝင်သွားတယ်၊ တချို့လမ်းမှာ ဆိုကားတွေ နှစ်သွားတယ်၊ ချောင်းနဲ့နီးတဲ့နေရာတွေမှာတော့ ပြည်သူရဲ့ ပစ္စည်းအချို့ရွေ့ပြောင်းရတာတွေရှိတယ်” ဟုဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းထံမှသိရသည်။

ပြည်သူများအနေဖြင့်လည်း ယခုရာသီတွင် မိုးလေဝသ သတင်းများ ပို၍အလေးပေးကြည့်ထား သင့်ကြောင်း၊ ရာသီဥတုအခြေအနေအရ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားစေလိုကြောင်း ၎င်း ကဆက်ပြောသည်။

တာချီလိတ်တွင် ယခုရေကြီးမှုသည် အရင်နှစ်များထက် မဆိုးကြောင်း၊ မိုးစဲသွားပြီဖြစ်ပြီး ရေနဲငယ်ပြန်ကျနေပြီဖြစ်ကြောင်းသိရသည်။

#PPV003
#တာချီလိတ်
#ရေဘေး
#ရေကြီးရေလျှံမှု
#ဦးလှမိုးလူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *