ခမ်းသားငေါဝ်း
သြဂုတ် ၂ ၊ ၂၀၂၄

တောင်ကြီးမြို့တွင် အိမ်သုံးဂက်စ်များ ဈေးမြင့်တက်သည့်အပြင် ပစ္စည်းများပြတ်လပ်နေ​ကြောင်းဂက်စ်ဘူးဝယ်ရောင်းဆိုင်တစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ တွင်ဇူလိုင်လနောက်ဆုံးပတ်အတွင်း အိမ်သုံးဂက်စ်များ စျေးမြင့်တက်လာသည့်အပြင် လိုအပ်သလောက်ဝယ်ယူ၍မရကြောင်းသိရသည်။

“ကျွန်တော်တို့ဆိုင်ကတစ်ခါယူရင်အဗူး ၃၀ ပဲယူတာ အဲတာတောင်ဒီတစ်ခေါက်မှာတာက ၃ ရက် ၄ ရက်လောက်ရှိနေပြီပစ္စည်းကပြတ်နေလို့မရလိုက်ဘူး၊အရင်ကကြာရင်တောင်တစ်ရက်ပဲစောင့်ရတယ်”ဟု ဂက်စ်ဘူးဝယ်ရောင်းကုန်စုံဆိုင် ဆိုင်ရှင်တစ်ဦးကပြောသည်။

အိမ်ရှင်မတစ်ဦးကလည်း”အရင်ကဂက်စ်တစ်ဗူးမှာအပြည့်ပါတယ်၊‌နောက်ပိုင်းတစ်ဝက်ပဲပါတော့တယ်၂ ခါ ၃ ခါချက်လိုက်ရုံနဲ့ကုန်သွားရော၊ခုဆိုဂက်စ်ဈေးလည်းတက်တော့အဆင်ပြေမနေဘူး”ဟုပြောသည်။

ဂက်စ် ကုမ္ပဏီများက ဂက်စ်လုံလုံလောက်လောက်တင်သွင်းရန်ခက်ခဲသဖြင့် လိုင်စင်ရ ဂက်စ်ဆိုင်ကြီးများကိုသာ ရောင်းချပေးကြောင်းသိရသည်။

“အရင်က ရပ်ကွက်တွင်း အိမ်ဆိုင်တွေမှာလည်း ရောင်းချပေးတယ် အခုကမရတော့ဘူး၊ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတဲ့ဆိုင်ကြီးတွေတောင်လျော့ပေးတယ်၊ ”ဟုတောင်ကြီးဒေသခံတစ်ဦးကပြောသည်။

စစ်တပ်အာဏာသိမ်းမှု သုံးနှစ် ကျော်အချိန်တွင် လောင်စာဆီပြတ်လပ်မှုဖြစ်ပေါ်လာသည့်အပြင် ငွေတန်ဖိုးကျပြီး ကုန်စျေးနှုန်း မျိုးစုံမြင့်တက်လာသည်။

Photo – Online
#PPV0012
#ဂက်စ်
#Taunggyi
#ကုန်စျေးနှုန်း

You missed