ခမ်းသားငေါဝ်း

သြဂုတ် ၁၊ ၂၀၂၄

အောင်ပန်းတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း နာရေးကူညီမှုအသင်းအောင်ပန်းထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး၊ ပင်မှီရွာမရွာနေ အသက် ၄၁ နှစ်အရွယ် ကိုမောင်သည် ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်တွင် နေအိမ်အောက်ထပ် ထုတ်တန်း၌ ကြိုးဆွဲချ သေဆုံးခဲ့သည်။

” ရွာကလူတွေဖုန်းဆက်ပြီး လိုက်သွားတဲ့အချိန်မှာ အိမ်အောက်ထပ်မှာ ကြိုးဆွဲချသေနေပြီ၊ သက်ဆိုင်ရာတွေနဲ့ စစ်ဆေးမှုလုပ်ပြီး ရုပ်ခန္ဓာကို ဖြုတ်ချပေးခဲ့တယ်” လို့ နာရေးကူညီမှုအသင်းအောင်ပန်း တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ကိုမောင်မှာ သာမန်တောင်သူတစ်ဦးဖြစ်ပြီးအရက်သောက်တတ်ကြောင်း ၊ အရက်သောက်ပြီး ယခုလိုလုပ်ရခြင်းဖြစ်မည်ဟု ကောက်ချက်ချထားကြောင်း ၎င်း ကဆက်ပြောသည်။

ကိုမောင်၏ ရုပ်ခန္ဓာအား နာရေးကူညီမှုအသင်းအောင်ပန်း မှ အောင်ပန်းဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

PPV 003
ဓာတ်ပုံ- နာရေးကူညီမှုအသင်းအောင်ပန်း
#မှုခင်း
#အောင်ပန်း
#ပင်မှီရွာမရွာ
#ကြိုးဆွဲချသေဆုံးမှု

Leave a Reply

Your email address will not be published. Required fields are marked *