ခမ်းသားငေါဝ်း
ဩဂုတ် ၁၊ ၂၀၂၄

ကျေးသီးမြို့နယ် ဝမ်စိမ်းရွာအနီးတွင် RCSS နှင့် SSPP တို့ကြား စစ်ရေးတင်းမာမှု ကြောင့် အချို့ဒေသခံများ တောင်ယာလုပ်ငန်း လုပ်ကိုင်ခွင့်မရကြောင်း ဩဂုတ်လ ၁ ရက်နေ့တွင် ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်စိမ်းဒေသအနီးတွင် ရှမ်းပြည်ပြန်လှည်ထူထောင်ရေးကောင်စီ RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPPတို့ကြား မကြာခဏတိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများတောင်ယာလုပ်ငန်း လုပ်ကိုင်ခွင့်မရကြောင်းသိရသည်၊၊

“လယ်ယာ စိုက်နေတာတန်းလန်းဖြစ်နေတယ်။ အခြေအနေမကောင်းတာကြောင့် တောင်ယာမသွားဖို့ ပြောတော့ မသွားရဲဘူး။‌ကြောက်တယ်လေ ခုမနက်လည်း လက်နက်ကြီးသံကြားရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

RCSSသည် ဇူလိုင်၂၈ ရက်တွင်လည်း ရှမ်းပြည်တောင်ပိုင်းကို ကာကွယ်သွားမယ်ဟု ထုတ်ပြန်ထားပြီး စစ်ကောင်စီခေါင်းဆောင်ပိုင်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိပြီး တစ်နိုင်ငံလုံးအပစ်ခတ်တိုက်ခိုက်ရပ်စဲရေးသဘောတူစာချုပ် NCA တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းဖြစ်သည်။

SSPP သည် မြောက်ပိုင်းမဟာမိတ် FPNCC အဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာမရရင် စစ်ရေးနည်းလမ်းနဲ့ အဖြေရှာရလိမ့်မည်ဟု ဒုဥက္ကဌ စဝ်ခွန်ဆိုင်က SSPP တည်ထောင်ခြင်း နှစ် ၆၀ ပြည့်တွင်ပြောကြောင်း SSPP Info ကနေ မေ လ ၃ ရက်နေ့တွင် ထုတ်ပြန်ပါသည်။

PPV0011
ဓာတ်ပုံ- Crd
#လူ့အခွင့်အရေး
#RCSS
#SSPP
#ကျေးသီးမြို့နယ်

Leave a Reply

Your email address will not be published. Required fields are marked *